Part 26
Aso ဒီနေ့ ဟာတွေက အကုန်ပြီးပြီ boss
Sing အဲ့ဒါဆို ပို့ဖို့အတွက် သဘောင်္ကာ အဆင်ပြေလား
Aso မနက်ဖြန်မှ ရမယ်ပြောတယ်
Sing အကုန်လုံး ထည့်ပြီးပြီလား
Aso ဟုတ်ထည့်ပြီ
Sing အဲ့ဒါဆို မနက်ဖြန် တင်ပေးလိုက်တော့
Aso ဟုတ်
😁
မင်းအိပ်ပျော်နေတာဘဲ နေ့ခင်းကတည်းက အခုချိန်ထိ မအိပ်ရတဲ့ရက်တွေက များနေတာ နေမှာ မျက်နှာလေးချောင်ကျသွားပြီး ပိန်သွားတယ် စိတ်ဖိစီး မှုတွေ များသွားတာလည်း ပါသွားမှာ စိတ်ချ ငါမင်းကို ပိုပြီး ဂရုစိုက်မှာAso မေ့တော့မလို့ Boss ဝယ်ခိုင်းတဲ့ အားဆေး
Sing အေး
သွားတော့ကျွန်တော့် သူ့အတွက် စပြီး ပြင်ဆင်နေပြီလေ အားဆေးက သူ့အတွက် သူ ပြန်ပြီးပြည့်လာအောင် စားနိုင်အောင် ကိုယ်ခံအားလည်းကောင်းအောင်
နေ့ခင်းက စားတာ အရမ်း နည်းတယ် အားမရဘူး အရင်ကထက် အစားပိုနည်းသွားတယ် အားနည်းနေတဲ့ ပုံစံဝင်လို့ နောက်ပြီး လန်းဆန်းအောင်လို့ နေ့ခင်းက ကျွန်တော် တကယ်ဒေါသထွက်တယ်ဗျ သူတအားကြောက်ပြီး ငိုနေလို့ အလျော့ပေးလိုက်တာ ကြောက်တာလည်း တုန်နေတာဘဲ ကျွန်တော်ပျော်မိတာ တစ်ခုရှိတယ် အဲ့ဒါ ပြသာနာစဖြစ်တော့ ကျွန်တော့်ဆီ ဖုန်းဝင်လာတာနဲ့ ကျွန်တော် တန်းသွားတယ် ရောက်တော့ ဘာတွေဖြစ်နေတာလဲ မေးခါရှိသေး ကျွန်တော့်အနားကို ရောက်လာပြီး လက်တွေက ကျွန်တော့်လက်မောင်းကို ကိုင်ပြီး တဖက်လူကို ကြည့်နေတယ် ဒါပေမယ့် ကျွန်တော်ကလွဲရင် တခြားသူထိတာ မကြိုက်တာ အမှန်ဘဲ အဆိုးဆုံးက သူအရမ်းကြောက်ပြီး ကျွန်တော်နားကပ်ကတည်းက ကျွန်တော်သိလိုက်ရပြီ ဒါပေမယ့် ဒီနေ့တစ်ရက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူးလေ ဒါကြောင့်လည်း သူ့အတွက် အစောင့်တွေနဲ့ သက်တော်စောင့် အလုပ်ခန့်လိုက်တယ် သူ့အတွက် ပိုပြီး လုံခြုံအောင်လို့လေ အိမ်အကူသုံးယောက်ဆိုတာလည်း သူစားချင်တာ လုပ်ပေးဖို့ သူရဲ့ ဝေယျာဝစ္စ နဲ့ ကျွန်တော့်ရဲ့ ဝေယျာဝစ္စ လုပ်ပေးဖို့လေ ငွေကြေးတွေအရမ်းများနေတာ သေရင် ယူသွားလို့မရတာ မဟုတ်လား သူဖြုန်းရင်ဖြုန်း မဖြုန်းရင် သူ့အတွက် ကျွန်တော်ဖြုန်းပေးရမှာဘဲ အခုတော့ နိုးရတော့မယ် ညနေဘက်ရောက်နေတာဆိုတော့ မကောင်းဘူးလေ
နိုးမှ ရတော့မယ် မဟုတ်ရင် ညဘက် အိပ်မပျော်ဘဲ ဖြစ်နေဦးမယ်လေ