part 8

208 20 2
                                    

Part 8

Sing
ကျွန်တော် အချိန်တော်တော်ကြာအောင် သူ့အကြောင်းတွေးနေမိတယ် ပြန်လာမလားဆိုတဲ့ စိတ်လေးနဲ့စောင့်နေမိတယ် အချိန်တော်တော်ကြာအောင် စောင့်နေပေမယ့် သူပြန်ရောက်မလာခဲ့ဘူး အဲ့ဒါနဲ့ ဆေးဖို့းရှင်းပြီး ပြန်ဖို့ထွက်လာခဲ့တယ် ဒါပေမယ့် မထင်မှတ်တာ ဒီမှာ စတွေ့တော့တာဘဲ အဲ့ဒါသူဘဲ မျက်နှာက အရိုက်ခံရတဲ့ပုံစံ ခြေထောက်က ထော့နဲ့ထော့နဲ့ နဲ့လမ်းလျှောက်လာပြီး လက်တစ်ဖက်က ဖုန်းကို ကိုင်ထားပေမယ့် ကျန်တဲ့လက်တစ်ဖက်က ဗိုက်ကို ဖိထားတယ် တဖြေးဖြေးကျွန်တော့်အနားရောက်တော့ ရော့ အကို့ဖုန်း ကျွန်တော်သွားပြီး လှည့်ထွက်သွားတာ ကျွန်တော်လည်းဖုန်းကြည့်လိုက် သူ့ကြည့်လိုက် နဲ့ အချိန်ကုန်သွားပြီး ရပ်ကြည့်နေခဲ့တယ်

Krist
ကျွန်တော် တကယ်ဘဲ မခိုးဘူး အထင်လွဲသွားမှာဆိုးလို့ ပြန်လာပေးတာ ဒါပေမယ့် အားတင်းထားရတာ ပင်ပန်းတယ် ကျွန်တော် ဖုန်းတစ်လုံးပြန်ရဖို့အတွက် ယူတဲ့သူတွေ အဖွဲ့လိုက် ကျွန်တော့်ကို ဝိုင်းရိုက် ထိုးနှက်ကြတယ် နောက်ဆုံး လက်ထဲရောက်လာတဲ့ဖုန်းလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး ပြန်မယ့်အလုပ်မှာ အရှေ့ကနေ ကျွန်တော့်ရဲ့ ဗိုက်ကို ဓားနဲ့ထိုးလိုက်တယ် ဒါပေမယ့် အကို မသိဘူး ကျွန်တော် ပျော်တယ် သူခိုးတစ်ယောက်လို့ အထင်မခံရလို့ဘဲ ကျွန်တော် အရမ်းကို နာကျင်လာတာနဲ့ ထိုင်ချလိုက်ပြီး နံရံလေးကို မှီချလိုက်တယ် ပြီးတော့ မျက်လုံးလေးမှိတ်ပြီး ဘုရားကိုဘဲ အာရုံပြုထားနေမိတယ်

Sing
ကျွန်တော်လည်း သူသွားတဲ့လမ်းတစ်လျှောက်လုံးမှာ သွေးစက်တွေချည်ဘဲ တွေ့နေရသည်မို့ သွေးစက်တွေအတိုင်း လျှောက်လှမ်းလာမိတယ် ဒါပေမယ့် ငြိမ်ငြိမ်လေး နံရံကို မှီထိုင်နေတဲ့သူ့အရှေ့ကို ရပ်နေမိတယ် ကျွန်တော်လည်း အသံပေးမိတယ် သူ့ဘက်က မော့ကြည့်လာပြီး ဘာမှမပြောဘဲ ခေါင်းငုံ့သွားတယ် ပြီးတော့ မျက်ရည်ကျနေတာကို ကျွန်တော်မြင်လိုက်တယ် ကျွန်တော်လည်း သူဖိထားတဲ့ လက်ကို ဖယ်ကြည့်လိုက်တော့ သူ ဓားနဲ့အထိုးခံထားရတယ်ဆိုတာ သိတော့ ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ သူ့ကို ပွေ့ချီပြီး ဆေးရုံဘက်ကို ခေါ်လောခဲ့တယ် ဒါပေမယ့် သူ သတိလစ်တာလား သေတာလားကျွန်တော်မသိဘူး ကျွန်တော် ပွေ့ချီထားတဲ့အပေါ်မှာ လုံးဝကို ပျော့ခွေနေတယ် တဖြေးဖြေးဆေးရုံအပေါက်ရောက်တော့ တွန်းလှည်းပေါ်တင်လိုက်ပြီး nurse တွေရယ် doctor တွေရယ် အားလုံးက Emergency Casesဆိုတဲ့ အခန်းရှိရာကို ခေါ်ဆောင်သွားခဲ့တယ် ပြီးတော့ ကျွန်တော့်ကို အပြင်မှာ နေဖို့ သူတို့တားခဲ့တယ် ဒါပေမယ့် ကျွန်တော် ဝတ်ထားခဲ့တာ အဖြူတွေဆိုတော့ သူ့ရဲ့သွေးတွေ ပေနေတယ် သန့်စင်ဖို့ မလုပ်ချင်ပေမယ့် သူ့ကို ဒါမျိုးလုပ်တဲ့သူကို ကျွန်တော် သက်ချင်လောက်အောင် ဒေါသထွက်တော့ ကျွန်တော်လည်း ပြေးထွက်လာတဲ့ Nurse တစ်ယောက်ကို တားလိုက်ပြီး ကျွန်တော် သန့်ရှင်းချင်လို့ ခန သွားလိုက်ဦးမယ် ပြောပြီး ပိုက်ဆံအိပ် ပေးထားခဲ့လိုက်တယ် ကျွန်တော်ကို လူတွေအားလုံးဝိုင်းကြည့်နေကြပေမယ့် ကျွန်တော် ဂရုမစိုက်ခဲ့ဘူး သူလာတဲ့လမ်းတစ်လျှောက်လုံးက သွေးစက်တွေရှိနေတဲ့အတွက် သွေးစက်တွေအတိုင်း ကျွန်တော် လိုက်လာခဲ့တယ် ဒါပေမယ့် အိုင်ထိုးနေတဲ့ သွေးကွက်နားရောက်တော့ ဒီနေရာဆိုတာ ကျွန်တော်သိလိုက်ရပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေမိတယ် ဒါပေမယ့် Cctvက မရှိဘူး ဖြစ်နေခဲ့တယ် သေချာကြည့်လိုက်တော့ မှီမလား မမှီဘူးလား မသိပေမယ့် cctv ပိုင်ရှင်ကို စုံစမ်းပြီး cctv ကို ကြည့်နေခဲ့တယ် ဒါပေမယ့် cctv ထဲမှာ လူတွေဝိုင်းရိုက်နေတာကို မြင်ရပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် နောက်ဆုံးဓားနဲ့ထိုးတဲ့သူကိုတော့ သေသေချာချာမြင်ရတာနဲ့ cctv ပိုင်ရှင်ဆီ copy ယူဖို့ တောင်းဆိုခဲ့ပေမယ့် ပိုင်ရှင်က သဘောတူခဲ့တယ် ကျွန်တော်လည်း သတိရတာနဲ့ ဆေးရုံကို ချက်ချင်းပြန်လာခဲ့တယ် ဘာလို့လဲဆို ဆေးရုံမှာ Cctvတွေရှိနေခဲ့လို့ဘဲ ကျွန်တော်လည်း ဓားနဲ့ထိုးသွားတဲ့သူကို  ဒေါသအရမ်းထွက်ပြီး အကြောင်းစုံမရှင်းပြဘဲ ငြိမ်ခံနေတဲ့သူ့ကို ပိုပြီး ဒေါသထွက်မိတာ အမှန်ဘဲ ကျွန်တော်လည်း cctv ပြန်ပြီး မစစ်မှီ သူ့အခြေနေ သိချင်တာနဲ့ သူရှိရာဘက်ကို လှည့်ထွက်လာခဲ့တယ် ကျွန်တော် ပြန်ရောက်သွားတော့ သူ အဲ့အခန်းထဲကနေ ပြောင်းရွေ့သွားပြီး ကုသဖို့အတွက် အခန်းဘက်ကို ရွေ့သွားပြီး ဆိုတဲ့အကြောင်းသိရတော့ ခုနက ပိုက်ဆံအိပ်ပေးထားတဲ့ nurse နဲ့တွေ့တော့ nurse ကတော့ အခန်းရှိရာဘက်ကို ညွန်ပြပြီ ကျွန်တော့်ပိုက်ဆံအိပ်ကို ပြန်ပေးတယ် ဆရာဝန်တစ်ယောက်ကလည်းရောက်လာပြီး ကျွန်တော့်ကို အကြောင်းစုံ ရှင်းပြပြီး ပြန်ထွက်သွားတယ်
....
Pan အေးပြော

Sing ငါ့အတွက် အဝတ်အစားတစ်စုံလောက် ဝယ်လာပေးပါ့လား ဒါမှမဟုတ် နင့်နည်းနင့်ဟန်နဲ့ အိမ်ကနေ အဝတ်အစားတစ်စုံလောက် ယူလာပေးပါ့လား please

Pan ငါကုန်တိုက်ရောက်နေတာ ဝယ်လာပေးမယ် နည်းနည်းကြာမယ်ထင်တယ်

Sing ကြာလိုမရဘူးဟ မြန်မြန်လာပါဟာ

Pan အေး..

ဆက်ရန်...........

I need you, I love youWhere stories live. Discover now