Part 81
Pak နောက်တစ်ခါ တရားရုံးကခေါ်ရင် သွားတာအကောင်းဆုံးဘဲ နောက်နှစ်ရက်နေရင် ရုံးချိန်း
Sing ဆေးရုံကိုမောင်း ငါ့ကို ဘာစကားမှမပြောဘဲ နေပေးပါ့လား ငါနားမထောင်ချင်ဘူး ဘာစကားမှ
ကျွန်မဆုတောင်းနေမိတယ် Singtoအမြန်ရောက်လာပါစေလို့ဘဲ ဖုန်းတွေအကြိမ်ကြိမ်ခေါ်နေခဲ့ပေမယ့်လည်း လုံးဝ ကိုင်ထားခြင်းမရှိခဲ့ဘူး ကျွန်မ အသက်ခံရမှာကြောက်လို့်မဟုတ်ဘူး ဆေးရုံကုတင်းပေါ်မှာရှိတဲ့ Krist လုံးဝအခြေနေ မကောင်းဘူးလို့်ဆရာပြောကတည်းက ကျွန်မခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချလိုက်သလိုဘဲ ဆောက်တည်ရာမရဘဲ အရှေ့လျှောက် အနောက်လျှောက် အကြိမ်ကြိမ်လုပ်နေမိတယ် လုံးဝမျက်လုံးမပွင့်ဘဲ မျက်ရည်တွေ ထွက်နေတဲ့ Krist ကိုကြည့်ပြီးလည်း သနားမိတယ် နှလုံးရောဂါဖြစ်နေတယ်ဆိုတာလည်း လုံးဝမသိခဲ့ဘူး ဘယ်လိုဘဲ နေနေ ကျွန်မ ဆေးရုံမှာ စောင့်နေတာ ၄နာရီကျော်နေပြီ တစ်ဦးတစ်ယောက်မျှ ရောက်လာခြင်းမရှိခဲ့ဘူး အဆင်မှပြေရဲ့လားမသိဘူး ကျွန်မ ဆုတောင်းနေမိတာ အမှန်ဘဲ အရင်အချိန်ကလို ပြန်ဖြစ်ပါစေလို့ဘဲ ဆုတောင်းနေမိတယ်
Sing ဟေး..
Pan ရောက်လာပြီလား
Sing အင်း ပြန်ရင်ပြန်လေ ဒီနေ့ ရောက်လာတာအတော်ဖြစ်သွားတာ ကျေးဇူးဘဲ
Pak တစ်ခုခု သွားစားရအောင်
Pan အေး
ကျွန်တော် မျက်လုံးတွေမဖွင့်နိုင်ပေမယ့် Pရဲ့အသံကို ကြားနေရတယ် အရင်ကလို အသံမာမာနဲ့မဟုတ်တော့ အဆင်ပြေခဲ့တယ်ထင်တယ် ကျွန်တော် ရင်ဘက်တွေနာကျင်နေတာ တော်တော်ဆိုးတယ် ဒါပေမယ့် ကျွန်တော်ရဲ့လက်လေးကို ကိုင်လိုက်တဲ့အချိန်မှာ ကျွန်တော် အားတင်းထားနေမိတယ် ဘာလို့လဲဆို Pအရေးအကြီးဆုံးက ကျွန်တော်ဆိုတာဘဲ ဒါပေမယ့် Pဘက်က စကားသံတွေ ကျွန်တော်နားထောင်နေမိတယ်
Sing ဟေး..ငါတောင်းပန်တယ် မင်းပြန်ပြီး နိုးထလာပါတော့ ဒီပေါ်မှာ လှဲနေတာ ငါမကြည့်ရက်ဘူး
ငါ့ဘဝမှာ မင်းကလွဲရင် ဘာမှအရေးမကြီးဘူး ငါ့ဘဝမှာ မင်းက မရှိမဖြစ်လေးပါ မင်းရဲ့ခန္ဓာကိုယ်လေးက အိပ်စက်နေပေမယ့် မင်းရဲ့စိတ်လေးက မအိပ်စက်ဘူးဆိုတာ ငါသိတယ် အခုကစပြီး မင်းစကားကိုဘဲ ငါနားထောင်မယ် ငါ့စကားကို မင်းနားထောင်စရာမလိုဘူး မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာကို ငါက လိုက်လျောပေးမှာ အရာရာအဆင်ပြေအောင် ငါကလုပ်ပေးမှာကွ မင်းပြန်ပြီးနိုးထလာခဲ့နော် ငါစောင့်နေမှာ မင်းဘေးကနေ ငါစောင့်နေမှာ မင်းသာ နိုးထလာခဲ့ မင်းလက်ကိုကိုင်ဆွဲပြီး လှပတဲ့နေရာတွေကို အတူတူလည်ချင်သေးတယ် ကြည်နူးချင်သေးတယ် ငါမင်းကို လိုအပ်တယ် ဘဝရဲ့လက်တွဲဖော်အဖြစ်နဲ့ လိုအပ်သေးတယ် ချစ်ချင်သေးတယ် ဂရုစိုက်ပေးချင်သေးတယ် မင်းကြိုက်တာတွေလည်း ဝယ်ပေးချင်သေးတယ် စားစေချင်သေးတယ်