Part 16
သူတကယ်ဘဲ မူးသွားတာနေမှာ ကျွန်တော့် ထိုးချက်အကြောင်း ကျွန်တော်သိတယ် ကျောင်းတုန်းကဆိုရင် ကျွန်တော့်ကို သံလက်သီးလို့ကို ခေါ်ကြတာ ထိုးချက်တွေကပြင်းလို့တဲ့ တစ်ချက်ထိုးခံရတာနဲ့ မှောက်သွားကြတဲ့သူချည်ဘဲမို့ ကျွန်တော့်ဆို ကြောက်ကြတယ် အခုလည်း ကျွန်တော် သဝန်တိုပြီး ထိုးမိသွားတာ သူတော်တော် မူးသွားတယ်နေမှာ အခုလည်းပြန်ရောက်လို့ ပွေ့ခေါ်ပြီး သိပ်ထားတာတောင် မနိုးဘူး ကျွန်တော် လွန်သွားလားမသိဘူး ဒါပေမယ့် ကျွန်တော် သူ့အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတွေက သူ့အတွက်ဘဲ သူကလည်း ကျွန်တော့်အတွက် ဖြစ်စေချင်တယ်
Kayan
သူတော်တော်ချောတယ် ဆွဲဆောင်မှုရှိတယ် နာမည်က Krist တဲ့ အရမ်းကို ခေါ်လို့ကောင်းတဲ့နာမည်ဘဲ ငါ့ကို ရင်ခုန်အောင်လုပ်နိုင်တယ် သူ ဘယ်မှာနေလဲ သေချာစုံစမ်းရမယ် ငါလိုက်ရမယ် တကယ်လို့ သူကခြောက်နေရင်တောင် ငါရအောင်ယူပြီး ဖင်ချပစ်မယ်ကျွန်တော် သူအိပ်ပျော်နေတာ တော်တော်နဲ့ မနိုးဘူးထင်တာနဲ့ ဈေးဝယ်ထွက်ပြီး ဟင်းချက်ဖို့ စိတ်ကူးခဲ့တယ် အများကြီးမတက်ကျွမ်းပေမယ့် သင်ထားတာကြောင့် နည်းနည်းတက်နေပြီ အခုလည်း သူ့အတွက် ဟင်းတစ်ချို့ ပြင်ဆင်ဖို့ ဝယ်လာခဲ့ပြီး စပြီးလုပ်နေခဲ့တယ် ဘာလို့လဲဆို အနည်းဆုံးတော့ စိတ်ဆိုးရင် ချော့ရအောင်လို့ဘဲ ကျွန်တော် ကြက်ပေါင်တွေဝယ်လာခဲ့တယ် ငါးရော နောက်တစ်ခု ဝက်သားရောဘဲ ပုဇွန်လေးလည်းပါတယ် ကျွန်တော် စားသောက်ဆိုင်မှာ စားတိုင်း ကျွန်တော် မဲသားကို မှာစားတာများတယ် ဒါပေမယ့် တစ်ခါမှ သူမှာမစားဘူး အဲဒါနဲ့ ကျွန်တော် ကြက်သားရယ် ငါးရယ် ဝက်သားရယ်ပုဇွန်ရယ်ဘဲ ဝယ်လာခဲ့တယ် ဟင်းသီးဟင်းရွက်ကတော့အစုံဘဲ အခုကြက်သားကိုရေးဆေးပြီး အခု ကျွန်တော် ဝက်သားတွေပါးပါးလေးတွေလှီးပြ်ီး ဟင်းခတ်မှုန့်အစုံနဲ့ ရှာလကာရှည်နည်းနည်းထည့်ပြီး နှပ်ထားတယ် ပြီးတော့ အသီးနှံတွေ လှီးထားလိုက်တယ် ဘာလို့လဲဆို ကုန်းဘောင်ကြီးကြော် မလို့လေ အခု ကြက်သားရယ် ပုဇွန်ရယ် ရောနှပ်ထားတယ် ကြော်ပေးမလို့လေ ကြွပ်ကြွပ်လေးပေါ့ မုန့်ရည်တော့ White Wine လေးနည်းနည်း ထည့်ထားတယ် ဘာလို့လဲသိလား လုံးဝကြွပ်နေအောင်လို့ အဲဒါမှ စားကောင်းတာ ကြက်သားက တစ်ဝက်ခွဲထားတာ ကျန်တဲ့တစ်ဝက်ကို ပေါင်းပြီး အရေသောက်လေးလုပ်ပေးမလို့ ငါးကတော့ လုံးဝကို သန့်စင်ပြီး သံပရာရည်နဲ့ ချဉ်ချဉ်လေးပေါင်းပေးမလို့ သူကြိုက်မှာပါ တစ်ခုဘဲ မစားမှာကိုဘဲ စိတ်ပူနေတာ
