Part 50
ကျွန်တော် သူအိပ်နေတာကို ထိုင်ကြည့်နေမိတယ်ဗျာ သူတော်တော် နာကျင်နေမယ်ဆိုတာ ကျွန်တော်သိတယ် ကျွန်တော် သူ့အကျင့်လို့ပြောရမလား သူ့ရဲ့ အထာဘဲလားတော့ မသိဘူး သူ တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်ရင် ကျွန်တော့်ကို ကပ်နေတာဘဲ ပြီးတော့ ဖက်ထားတာဘဲ အကို ဆိုတဲ့ စကားလုံးက လွဲရင် ကျန်တာ ဘာစကားလုံးမှ တက်မလာဘူး ပြောမလာဘူးဆိုတာဘဲ ကျွန်တော် အခု တစ်ခု စဉ်းစားမိတယ် ဆရာဝန်နဲ့လည်း တိုင်ပင်ပြီးသွားပြီ
သူရဲ့ ဒဏ်ရာက သက်သာနေပြီ ဆင်းချင်တယ်ဆိုရင် ဆင်းလို့ရတယ် ဒါပေမယ့် တစ်ရက်ကို တစ်ခေါက်တော့ ပုံမှန်လေး ပြပေးချင်တယ်တဲ့ ကျွန်တော်လည်း ဒေါက်တာတစ်ယောက်ကို ပြတာနဲ့ အဆင်ပြေလား မေးတော့ ဘယ်ဆရာဝန်နဲ့ပြပြ အဆင်ပြေတယ်တဲ့ ကျွန်တော်လည်း အဲ့ဒါနဲ့ ဆရာဝန်ဆီက လိုအပ်တဲ့သောက်ဆေးတွေရယ် လက်မှတ်ရယ် တောင်းပြီး သူနိုးလာတဲ့အခါဆင်းဖို့ ပြင်ထားလိုက်တယ် သူ့အတွက် ပျော်ရွင်စရာ ခရီးတစ်ခု အဖြစ်လည်း လုပ်ပေးချင်တယ်Zan boss
Sing အလုပ် ပြန်လုပ်ချင်လား
Zan ဟုတ်
Sing ငါခရီးထွက်မယ် မင်းတို့ လိုက်ရမယ်
Zan ဟုတ်
Sing အခု ငါ့အိမ်ကို သွား အိမ်ကလူတွေကို နွေရာသီအဝတ်အစားတွေ ခရီးဆောင်အိပ်ထဲ ထည့်ထား အကုန်လုံးလိုက်ချင်ရင် ဘယ်နှစ်ယောက်လည်း
Zan အစောင့်တွေပါလား
Sing မပါဘူး
Zan အိမ်အကူ တွေရောလား
Sing ထားလိုက်တော့ မင်းတို့နှစ်ယောက်ဘဲ လိုက်ခဲ့
Zan တစ်ယောက်တော့ ပါဦးမယ်Boss
Sing ဘယ်သူလဲ
Zan ''Aso''လေဗျာ သူက အရမ်းတော်တဲ့ သူဌေးရဲ့ အတွင်းရေးမှုးဘဲ
Sing မင်း ဟာသဘဲ အဲ့ကောင် မပါမဖြစ်ပါမှာ စိတ်ချ အထုတ်တွေ ပြင်ခိုင်းလိုက်
Jul ကျွန်တော် မလိုက်ဘူး
Zan ဘာလို့လဲကွ
Jul ငါ မနက်ဖြန် မိန်းမခိုးပြေးမလို့
Both ဘာ.......