Part 69
Krist (think)
ကျွန်တော် Pရဲ့ဘေးကနေ ထွက်လာခဲ့ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ Pလက်ထပ်ထားတယ်ဆိုတာ သံသတွေရှိနေတုန်းဘဲ ဒါပေမယ့် ဘယ်လိုရှေ့ဆက်ပြီး လုပ်ရမယ်ဆိုတာ ကျွန်တော်မသိဘူး ကျွန်တော် ဘယ်လောက်ဘဲ ထွက်ပြေးပြေး ဘယ်လောက်ဘဲ ပုန်းခိုနေပါစေ ကျွန်တော် Pလက်ထဲကနေ လွတ်အောင် ပြေးနိုင်မယ်မထင်ဘူး ဒီတစ်ကြိမ် Pကျွန်တော့်ကို ညှာနေတယ်ဆိုတာ ကျွန်တော်ယုံတယ် နောက်တစ်ခါဆို ညှာနေမှာ မဟုတ်ဘူးဆိုတာလည်း ကျွန်တော်သိနေတယ် အခုလောလောဆယ်တော့ Pနေကောင်းသေးတာမဟုတ်ဘူး နေပြန်ကောင်းလာမှသေချာပြောပြီး အဝေးဆုံးကိုထွက်သွားဖို့ ပြောရမယ်Sing (think)
မင်းနဲ့ငါရဲ့အချစ်သက်တမ်းက နှစ်တွေမချည်သေးပေမယ့် မင်းအကြောင်းတော့ငါသိတယ် ငါအရှေ့မှာ ဟုတ်လို့ပြောပြီး ကွယ်ရာမှာ တစ်ဇွတ်ထိုးနိုင်နေမှာဘဲ ခေါင်းမာနေမှာဘဲ မင်းကို ဘယ်လိုချုပ်ရမလဲငါမသိဘူး မင်းက ငါ့ကို ချစ်ကြောက်ရိုသေကြီး ငါ့အသက်နဲ့ကိုင်ပေါက်ပြီး ချုပ်ကြည့်ရမယ် မရရင်တော့ ငါညှာနေမှာမဟုတ်တော့ဘူး တကယ်ခြေထောက်တွေရိုက်ချိုးပြီး အခန်းထဲ တစ်သက်လုံးပိတ်ထားရလိမ့်မယ် ဘယ်လိုဘဲနေနေ မင်းရဲ့ကလေးဆန်တဲ့အပြုမှူလေးတွေကို ငါချစ်တယ် တစ်ဇွတ်ထိုးနိုင်ပြီး ခေါင်းမာတဲ့စိတ်လေးကိုလည်းချစ်တယ် မင်း ငါဆူမှာ ကိုကြောက်တဲ့ပုံစံလေးလည်းချစ်တယ် မင်းနဲ့ပက်သက်သမျှအရာအားလုံးငါချစ်တယ်Krist ရပြီ
Sing မင်းကမစားဘူးလား
Krist တစ်ရက်ကို အတိုင်းအတာတစ်ခုနဲ့ဘဲစားရတာ တစ်ရက်ထဲ အကုန်စားလိုက်ရင် နောက်ရက်ကြစားစရာမရှိဘဲဖြစ်သွားမှာ
Sing အဲ့ဒါဆို ငါမေးမယ် ငါ့အိမ်နဲ့ဒီမှာ ဘာကွာခြားလည်း ငါ့အိမ်မှာ မင်းအတွက်စားစရာတွေ အတိုင်းအဆနဲ့ ငါကျွေးလား
Krist မကျွေးဘူး
Sing မင်းလုပ်ရာလုပ်လို့ရတဲ့ငါ့အိမ်မှာ တစ်ယောက်တည်းဆိုတဲ့ အဖြစ်မျိုးတွေရှိလား
Krist မရှိဘူး
Sing ငါ့အိမ်ကနေ မင်းသွားချင်တဲ့နေရာတွေ လွယ်လင့်တကူသွားလို့ရလား ဒီမှာနေပြီး မင်းသွားချင်တဲ့နေရာ လွယ်လင့်တူသွားလို့လား အရှင်းဆုံးပြောရရင် ငါ့အိမ်နဲ့ ဒီနေရာ ဘယ်ဟာကို ကြိုက်လဲ