Part 65
Pan ဝမ်းသာတာ ဘယ်လို ဝမ်းသာများလည်းကို မသိဘူး မကောင်းမှုဟူသည် စိတ်ကွယ်ရာ၌မရှိ၏တဲ့
Dada အေးပါ ဘယ်သူ လုပ်တာလည်းဆိုတာ ရဲတွေ စုံစမ်းနေပြီ မကြာခင်အဖြေသိမှာပါ
Pan အေးပေါ့လေ စုံစမ်းပေါ့ ကြိုက်သလို ဘာလို့လဲဆိုတော့ ငါတို့ထဲက လူ တစ်ယောက်မှ မဟုတ်လို့ဘဲ
ဪ.....မေ့တော့မလို့
နာရေးကို လိုက်မပို့နိုင်တာလေးတော့ စိတ်မကောင်းဘူးDada နင်
Pan ဒီမှာဘဲ ကစားပွဲရပ်လိုက်ပါ မဟုတ်ရင် နောက်ထပ်သေမယ့်သူက နင့်သားဖြစ်သွားလိမ့်မယ်
ငါချိန်းခြောက်နေတာမဟုတ်ဘူး ပြီးတော့ နင့်သားရှေ့ရေးကောင်းကောင်းမွန်မွန်ဖြစ်စေချင်ရင်
အေးအေးဆေးဆေးနေ ဘာမှထပ်မလုပ်နဲ့ နောက်ဆုံး သတိပေးချင်တာက နင် ရပ်တန်းက ရပ်လိုက်ပါ မဟုတ်ရင် သူ့နောက် လိုက်နေမှ ပြန်ခေါ်လို့မရဘဲ ဖြစ်နေမယ်Sing တောက်........
Aso သူဌေး စိတ်ကို လျှော့ပါ စကားပုံလည်းရှိတာဘဲ သေသောသူကြာရင်မေ့ ပျောက်သောသူရှာရင်တွေ့နိုင်တယ်တဲ့ စိတ်ကို လျော့ပါ
Sing မတွေ့တွေ့အောင်ရှာကြ
Zan သူဌေး ဒေါသထွက်တာ မဆန်းပါဘူး ဒါပေမယ့် သူဌေး ဒေါသထွက်တာထက် သူ ဘယ်လို နေမလဲ ဘယ်ကို သွားလည်းဆိုတာ သေချာစဉ်းစားဖို့ လိုတယ်
Sing သံရုံးတွေအကုန်သွား သူ့နာမည်ပါလား ရှာ
တွေ့ရင် ဘယ်ကို ထွက်သွားတယ်ဆိုတာ သေချာ မှတ်ခဲ့Aso ဟုတ်
Pak ဘာတွေဖြစ်နေတာလည်း
Zan ဝင်သာကြည့်တော့ သူဌေး ပေါက်ကွဲနေပြီ ရှာတွေ့ရင်တော့ မလွယ်ဘူး
Pak တွေ့အောင်အရင်ရှာကြဦး သွား
Sing ဘာလဲ ပြော
Pak ဒီနေ့ညနေ Dinner ပွဲရှိတယ်
Sing ငါမသွားဘူး
Pak ဒါပေမယ့် အဲ့လိုပွဲမျိုးမှာ မတက်ဘူးဆိုရင် စီးပွားရေးဘယ်လိုလုပ်မလဲ
Sing ငါ အခုချိန်မှာ ငါ့အပိုင်လေးကို သတိရတာကလွဲရင် ကျန်တာ စိတ်မဝင်စားဘူး ငါ့အပိုင်လေးကို ငါလွမ်းနေပြီ ငါ တမ်းတနေပြီ ငါ လိုအပ်နေပြီ
ငါ့ဘေးမှ မရှိတော့ ငါမနေတက်ဘူး ငါတွေ့ချင်နေပြီ ငါ မတွေ့တွေ့အောင် ရှာရမှာဘဲ ငါ့ကို အလုပ်ကိစ္စတွေနဲ့ပက်သက်ရင် မပြောနဲ့ ငါစိတ်ဝင်စမှာမဟုတ်ဘူး