part 6

209 23 0
                                    

Part 6

ကျွန်တော် သူ့ကို ကားပေါ်တင်ခေါ်လာပေမယ့် သူတော်တော်ကြီးကို အိပ်ပျော်နေတာဗျာ တကယ်ခေါင်းမူးနေတာ ဖြစ်နိုင်တယ် ဒါပေမယ့် ကားမောင်းလို့ လမ်းတစ်ဝက်ရောက်ခါရှိသေး ကယောင်ကတမ်းနဲ့ စကားတွေပြောပြီး ကျွန်တော်လက်ကို လာဆွဲတယ်ဗျာ ကယောင်ကတမ်းတွေပြောတာလား တကယ်ဘဲ အဖြစ်မှန်ကြောင့်လား ကျွန်တော်မသိပေမယ့် သူပြောတဲ့ အရာတွေအားလုံးထဲမှာ ချုံကြည့်ရင် ''ထားမသွားပါနဲ့''ဆိုတဲ့စကားတွေက အပ်ကြောင်းထပ်နေတယ် ကျွန်တော့် တိုက်ခန်းရှေ့ ရောက်လာပေမယ့် သူ့ကိုနိုးရမလား ဒီအတိုင်းထားခဲ့ရမလား စဉ်စားမရဘူး ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်ချက် တစ်ခုချခဲ့တယ် အဲ့ဒါက သူ့ကိုပွေ့ခေါ်ပြီး ကျွန်တော့်တိုက်ခန်းရှိရာကို ခေါ်ဆောင်သွားဖို့ဘဲ ဆုံးဖြတ်ချက်က မချရသေးပေမယ့် သူ့ကို ပွေ့ပြီး အခန်းရှိရာဘက်ကို သွားနေပြီဆိုတာ ကျွန်တော့်စိတ် ကျွန်တော်တောင် မသိတဲ့ ဘဝရောက်နေပြီ ဒါပေမယ့် သူ့ကို ကုတင်ပေါ်တင်ပေးပြီး ဟောင်းနွမ်းနေတဲ့ ဖိနပ်စုတ်လေးကို ချွတ်ပေးပြီး စောင်လေးခြုံပြီး သိပ်လိုက်တယ် အချိန်တန်အောင် သူ့မျက်နှာလေးကို ကြည့်နေမိတယ် စိတ်မကောင်းလည်းဖြစ်မိတယ် အရိုက်ခံထားရတဲ့မျက်နှာက ညိုမဲနေပြီး နည်းနည်းလေးယောင်နေတယ် လက်လေးတွေက ကြမ်းတမ်းမယ်ထင်ထားတာ တကယ်တမ်း အသားမာတောင်မရှိဘဲ နူးညံ့နေတယ် ဟောင်းနွမ်းနေတဲ့ဖိနပ်စုတ်လေးကို ချွတ်ပေးတော့လည်း နံမယ်ထင်ထားတာ မနံဘူးဗျာ အဝတ်အစားက လည်း အပြဲလေးတွေများပေမယ့် ချွေးစော်နံမယ်ထင်နေတာ မနံဘူး ကျွန်တော် ထင်ထားတဲ့အရာတွေအားလုံးက အလွဲတွေချည်ဘဲ ကျွန်တော် အချိန်တော်တော်ကြာအောင်ကြည့်နေမယ့် အိပ်နေတဲ့သူကတော့ တကယ့်ကလေးအတိုင်းဘဲ အသက်ကသာ ၂၂နှစ်လို့သာ ပြောတာ ငယ်ရုပ်လေးက မပြောင်းလဲဘူး သွားလေးတွေကလည်း ငယ်သွားလေးတွေ သေးသေးလေးတွေ အပြုံးလေးတွေမမြင်ရပေမယ့် ကြေကွဲဝမ်းနည်းမှူတွေ ဖော်ပြနေတဲ့ သူ့ရဲ့မျက်နှာ လေးက သိသာနေတယ် အရာရာကို မမြင်ဘူး မတွေ့ဘူး မစားဖူးတဲ့အစားအစာ စားရတဲ့အချိန် အရမ်းသိသာတယ် ချီးကျူးချင်တာက ငွေပေးတာ မယူတာဘဲ  သူ့မိဘကူရှာပေးရအောင်လည်း သူကိုယ်တိုင်ကိုက မမှတ်မိ နာမည်မသိဆိုတော့ အစရှာမရဘူး
ဟုတ်မှာပါ ၅နှစ်သာဆိုတာ မိဘရင်ခွင်ထဲနေရမယ့် အချိန် ပစ်ထားခဲ့တာဆိုတော့ အရမ်းခံစားနေရမှာဘဲ ကျွန်တော်လည်း ဘာရယ်မသိ သူ့အကြောင်းတွေးရင်းနဲ့ အိပ်ပျော်သွားတာ မနက်လင်းတော့မှ စတော့တာဘဲ အဲဒါ သူဘဲ ကိုယ်တွေပူနေပြီး ညည်းနေတာဘဲ ကျွန်တော် ထကြည့်တော့ သူ ကိုယ်တွေပူပြီး ညည်းနေတာဘဲ ကျွန်တော့်ကို ဖက်ထားတာလည်း တင်းနေတာဘဲ ကျွန်တော်လည်းအသာလေး ထပြီး ဘာလုပ်ရမလဲစဉ်းစားနေတာ အဖြေစရခဲ့တယ် အဲ့ဒါ သူ့ကို ကျွန်တော့် အဝတ်အစားလဲပေးလိုက်တယ် မဟုတ်လည်း ဆေးရူံရောက်ရင် ဆေးရုံအဝတ်အစားလဲပေးမှာဆိုတော့ ကျွန်တော်လည်း ကျွန်တော့် ညဝတ်အဝတ်အစားလေးကို လဲပေးလိုက်တယ် ပြသာနာက ဒီမှာ စတာဘဲ အဲဒါဘာလဲဆိုတော် သူ့ဘောင်းဘီဘဲ ကျွန်တော် အင်္ကျီလဲ ပေးပြီး ဘောင်းဘီလဲပေးဖို့ ချွတ်မယ့်အလုပ် ဘောင်ဘီကြယ်သီးလေးဖြုတ်ပေးခါရှိသေး အောက်ခံဘောင်းဘီမပါတာဘဲ ကျွန်တော်လည်း စောင်လေးပြန်ခြုံပေးပြီး စောင်အောက်ကနေ လက်လေးသွင်းလိုက်ပြီး ဘောင်းဘီဆွဲချွတ်ပြီး လဲပေးလိုက်တယ် သေချာတာက သူ လူပျိုပေါက်စလေးရှိသေးတယ်ဆိုတာဘဲ ကျွန်တော့်လောက်တော့ ရှိမယ်မထင်ဘူးဆိုတာဘဲ 😁😁မေ့တော့မလို့ သူ့ရဲ့အတွင်းသားလေးက ကျွန်တော့်ထက် ပိုပြီးဖြုတယ်ဆိုတာဘဲ အသားရောင်က ပြောစရာကို မရှိတာ လဲပေးရင်းတောင် ကိုက်ချင်စိတ်တွေဖြစ်တယ်

Par မင်းရဲ့သားရော ညကပြန်မလာဘူးလား

Mar ရှင့်သားက သူ့တိုက်ခန်းမှာ အိပ်တာ ညကဖုန်းတက်မေးကြည့်တယ် သိပြီလား ဒီနေ့ ရှင့်သားက ရှင့်ချွေးမနဲ့ ချိန်းတဲ့ရက် ရှင်မေ့မှာဆိုးလို့ သတိပေးတာ

Par အေးပါ သိပါတယ်ကွာ မြန်မြန်ပေးစားချင်နေပြီ သိပြီလား

Mar ကျွန်မကတော့ ဘယ့်သူကို ယူယူ ကန့်ကွက်စရာမရှိဘူး အခုခေတ်က မ လွယ်ဘူး ယောကျာ်းလေးချင်းယူတာလည်းရှိသလို မိန်းကလေးချင်းလည်း ယူတာဘဲ ကျွန်မကတော့ အပစ်မမြင်ဘူး ဖူးစာပါလို့ညားတာ ဆိုပြီးဖြေသိပ်မှာ

Par ငါ့သားက မိန်းမဘဲ ယူမှာ စိတ်ချ

Mar အစားသာ ကုန်အောင်စား စကားကို ကုန်အောင်မပြောနဲ့

...........
Sing ဟဲလို

Pan နင်မလာသေးဘူးလား

Sing အေး ငါဆေးရုံရောက်နေတာ နင်လာပါ့လား

Pan နင်က ဘာဖြစ်လို့လဲ

Sing ငါက ဘာမှမဖြစ်ဘူး နင်မနေ့ညကတွေ့တဲ့ကောင်လေး ဆေးရုံမှာ

Pan ငါသိပြီ ငါသိပြီ လာပြီ စိတ်ချ နင့်ကို ယောက်ျား ပေးစားရတော့မယ်

Sing ဘာ....

Pan ဪ....ဘေးကတစ်ယောက်ကိုပြောတာ ငါလာပြီ

Sing အေး.......
................
Pan (think)
😁😁😁 singto နင့်ကို ငါ ယောကျာ်းပေးစားမယ် နင် အခု တတောင်းစားလေးကို ချစ်အောင် ငါအောင်သွယ်ပေးမယ် 😁😁😁😁ငါက ယောကျာ်းမြင် လင်ပေးစားချင် အဲ့စိတ်က တားမရတာ နင့်ကို တွဲတယ်ဆိုတာ နင့်အတွက် ယောကျာ်းရှာပေးချင်လို့ တွဲတာ 😁😁😁 အခုတော့ ကံတရားက ငါ့ဘက်ပါလာပြီ မြှားနတ်မောင်ကို ကူညီတောင်းစရာမလိုဘဲ ကံတရားက ငါ့ဘက် ပါလာပြီ

ဆက်ရန်.....

I need you, I love youWhere stories live. Discover now