Part 59
Krist လန့်တာ ''P''ရာ ဘာလို့ ကြည့်နေတာလည်း ဒါက အချုပ်ထဲနော်
Sing ထွက်ပြေးလို့ လွတ်လား
Krist မလွတ်ဘူး
Sing ငါမေးတာ ဖြေမှာလား
Krist ဖြေမယ်
Sing ဘာတွေကြံစည်နေတာလည်း
Krist ဘာတွေကြံစည်လို့လဲ ဘာလုပ်လို့လဲ
Sing ငါ Tom ကို မေးလိုက်တာ ငါသိတယ် ဘာတွေလုပ်တယ် ဘာတွေကြံစည်တယ်ဆိုတာ
Krist ဘာမှမလုပ်ဘူး
Sing ဟန်ဆောင်မနေနဲ့ မင်းကို ငါဘာမှမလုပ်ရသေးဘူး ငါမင်းကို ဘာမှမလုပ်ရသေးဘူး ငါ့ဒေါသကို မစွနဲ့
ကျွန်တော် စကားသာပြောနေမိတယ် သူ ကျွန်တော့်ကို ဖက်ပြီး သူငြိမ်နေတယ် ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ မသိဘူး အချိန်တော်တော်ကြာအောင် ငြိမ်နေတယ် ဒါပေမယ့် ကျွန်တော် သူကို နည်းနည်းခွဲဖို့ လက်တွေက တွန်းထုတ်လိုက်တော့ သာဘာမှမပြောဘဲ ငြိမ်နေတယ် ကျွန်တော် သိလိုက်ရပြီ အဲ့ဒါ ဘာလဲဆိုတော့ သူ တစ်ခုခုဖြစ်နေပြီဆိုတာဘဲ ကျွန်တော်လည်း ဘာဆိုဘာမှ မပြောဘဲ ဒေါသမထွက်ဘဲ သူ့လက်ကို ဆွဲပြီး ထိုင်ချပစ်လိုက်တယ် ပြီးတော့ ကျွန်တော် နံရံကို မှီထားပြီး သူ့ကို ရင်ခွင်ထဲ ထည့်ထားကာ ဖက်ထားပေးနေမိတယ်
ဘယ်ကနေ စပြောရမယ် မသိပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိလောက်တော့ သူ့ကို ဖက်ထားပြီး ငြိမ်နေမိတယ် သူ အိပ်ပျော်သွားတယ် ထင်တယ် လုံးဝဘဲ ကျွန်တော်လည်း အသေအချာလေး ဖက်ထားပေးပြီး သူ့လက်ကို ကိုင်ပြီး ကျွန်တော် တွေးနေမိတယ် ဘာလဲဆိုတော့ သည်းခံနိုင်တဲ့အတိုင်းအတာတစ်ခု ကုန်သွားရင် ဘယ်သူနေနေ ပေါက်ကွဲတက်တယ် ဘာလုပ်တက်လည်းဆိုတာ ကျွန်တော် သိလို့လေ အချိန်တွေကြာလာတာနဲ့အမျှ သူ့ကို ကျွန်တော် ပိုချစ်မိလာတယ် မျက်စိအောက်ကနေ အပျောက်လည်း မခံနိုင်ဘူး ထွက်သွားတာလည်း မလိုချင်ဘူး ခွဲသွားမှာလည်း မဖြစ်ချင်ဘူး နောက်ပြီး သူ့ရဲ့ အားနည်းချက်ကို ကျွန်တော်သိပြီ အဲ့အားနည်းချက်နဲ့ ကျွန်တော် သူ့ကို ထိန်းလို့ရမှာဘဲ