Part 28
Krist အဲ့လူတွေက ဘာလုပ်ဖို့လဲ
Sing အကြောင်းရှိလို့ခန့်ထားတာ စားပြီးရင် အိပ်ရအောင် ငါပင်ပန်းနေတာ မလှုပ်ချင်ဘူး နားချင်ပြီ
Krist ဟုတ်
(think)
တော်သေးတယ် ငါ့ကို ချိန်းခြောက်တာဘဲ ရှိတာ တကယ်မထိဘူးဘဲSing အညောင်းပြေလေးတစ်ခွက်လောက်သောက်ပြီး အိပ်ရမယ် ဒါမှ မြန်မြန် အိပ်ပျော်မှာ
Krist ကျွန်တော့်ကြ မတိုက်ဘူး
Sing 😁😁😁မင်းက ငယ်သေးတယ် အရက်ဆိုတာ တကယ်တမ်းမကောင်းဘူး ဒါပေမယ့် ပင်ပန်းတဲ့အခါကြ အိပ်ပျော်တာ မြန်အောင်လို့သောက်တာ
Krist အများကြီး မသောက်နဲ့
Sing အေးပါကွာ နည်းနည်းမူးရုံဘဲ သောက်မှာ
Krist မသိရင် ကြွက်တွင်းထဲရေလောင်းထည့်တဲ့အတိုင်းဘဲ နှစ်ခွက်ရှိပြီနော် မှတ်ထားတာ
Sing စားပါကွာ စကားမများနဲ့
Krist အကိုကြ ဘာလို့မစားတာလဲ
Sing ဒါသောက်ပြီးမှ စားတော့မှာ
Krist အခုစားလေ
Sing စားမှာပေါ့ကွ မစားဘဲနေပါ့မလား
Krist အသားတွေချည်ဘဲ စားနေတာ
Sing 😁😁😁ဒါကြောင့် ပြောတာ မင်းက ငယ်သေးတယ်လို့ စား မင်းက ငါ့ဘေးမှာ ထမင်းစားတယ် ငါက မင်းဘေးမှာ အရက်သောက်ပြီး အသားစားတယ် ဘယ်လောက်ကောင်းလဲ ငါ ဒီနေ့ပျော်တယ် မင်း ငါ့ဆီပြန်ရောက်လာလို့ စိတ်ချ ဒီတစ်ခါ အရင်တစ်ခေါက်ကလို မလွဲမသေ ဖြစ်မယ်ဆိုရင်တောင် ငါ့ဘေးမှာ မထားချင်ရင်တောင် မင်းကို အိမ်ထဲမှာ ထားမယ် မင်းက အခန်းထဲအိပ်ရင် ငါက ဒီအပြင်ဘက် အိပ်မယ် အကြောင်းမှန်သိလို့ စိတ်ဆိုးပြေရင် မင်းနဲ့အတူတူ ပြန်အိပ်မယ် ငါမင်းကို ထားခဲ့တာ နောင်တရတယ် ထွက်သွားခိုင်းတာ နောင်တရတယ် ငါအသုံးမကျလို့ မင်းနည်းနည်းပိန်သွားတယ် ချောင်ကျသွားတယ် ငါ့ကြောင့် အစားအသောက်မမှန်တာတွေ အိပ်ရေးပျက်တာတွေ အစစအရာရာ တောင်းပန်တယ်
Krist မူးနေပြီလား
Sing နည်းနည်းပါကွာ စားပြီးရင်သွားလေ