Part 11
Krist မေးစရာရှိတယ်
Sing မေးလေ 😁
Krist ကျွန်တော့်ရုပ်က လူရွင်တော်ရုပ်ပေါက်နေတာလား ကြည့်ပြီးအမြဲရီနေလို့
Sing 😁😁😁
မင်း အခုလို လုပ်နေတာ ငါ သဘောကျတဲ့အချက်ဘဲKrist ဗျာ......
Sing မင်းကလည်းကွာ ငါပြောတာ အမူအရာလေးကို သဘောကျတာ ပြောတာ ဒီည အိမ်ပြန်မှရမှာ အိမ်ကို မပြန်တာ တော်တော်ကြာနေပြီ
Krist ဟုတ်...
ကျွန်တော် အိမ်ပြန်မယ် ပြောခါရှိသေး သူ့မျက်နှာ လုံးဝကို အသက်မဲ့သွားတယ် ပြီးတော့ တစ်ခြမ်းစောင်းပြီး မျက်နှာလွဲသွားတယ် ကျွန်တော်လည်း ဘာလုပ်ရမယ်မသိတော့ဘူးဗျာ အခုလို မြင်ရတော့လည်း စိတ်မကောင်းဘူး မဖြစ်မနေ ပြန်ရမှာ
ထားခဲ့ ပြန်ရင်လည်း စိတ်မချဘူး ဖြစ်ပြန်ရောကျွန်တော့်ကို ဒီည ပြန်မှာရမယ်ပြောတော့ ကျွန်တော်ဝမ်းနည်းမိတယ် ဘာလို့လဲဆို ကျွန်တော် ခင်တွယ်တဲ့သူတိုင်း ကျွန်တော့်ကို ထားသွားလို့လေ ငယ်ငယ်က အမေ ကျွန်တော့်ကို ထားသွားတယ် အရွယ်ရောက်လာတော့ မွေးစားတဲ့ အဘိုးက ထားသွားပြန်တယ် အခုလည်း အိမ်ပြန်မှ ရမယ်ပြောပြီး ထားသွားမှာ ဟုတ်မှာပါ ကျွန်တော်နဲ့ ဘာမှမှ မဆိုင်တာ ထားသွားတော့ရော ဘာထူးမှာမို့လိုလဲ အမြဲတမ်း တစ်ယောက်တည်းနေလာရတာ တစ်ခါလေ အဖော်လေးတော့မက်တာပေါ့ ဒါပေမယ့် နောက်ဆုံးလည်း တစ်ယောက်တည်းက တစ်ယောက်တည်းပါဘဲ
Sing ဟေး..ဒိဘက်လှည့်
ပြောစရာရှိတယ် လှည့်ပါကွာ ပြောစရာရှိတယ်
ငါ ခနလေး အိမ်ပြန်မှာ ပြီးရင် ပြန်လာမှာ ဖုန်းနဲ့ ပိုက်ဆံအိပ် ထားခဲ့မယ် ဟုတ်ပြီလားKrist ယူသွားပါ ကျွန်တော် တာဝန်မယူနိုင်ဘူး
Sing ပျောက်သွားလည်းကိစ္စမရှိဘူး
Krist ယူသွားပါ ပြန်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ တစ်ခါတည်းယူသွားတော့ နောက်ဆံတင်းစရာမလိုတော့ဘူး ယူသွားပါ
Sing ကောင်းပြီလေ ငါ သွားနေတုန်း ဘယ်မှ မသွားနဲ့ အိပ်နေ ဟုတ်ပြီလား ငါပြန်လာလို့မရှိရင် ငါလိုက်ရှာပြီးသက်မှာ ငါ့စကားနားမထောင်တဲ့သူဆို ငါက အရမ်းမုန်းပြီး သက်ချင်တာ အခု ခနလေးဘဲ အိမ်ပြန်မှာ ပြန်လာခဲ့မယ် မကြာစေရဘူး