Part 2
Krist ခနလေး ခနလေး ပိတ်တော့မှာလား
Paya ဟုတ်တယ် ဘာလဲ လက်ကျန်တွေ ကောက်မလို့လား
Krist ဟုတ်တယ် ခနလေးရင် ငါးမိနစ်ဘဲ ငါးမိနစ်ပြည့်တာနဲ့ ချက်ခြင်းပြန်ထွက်မယ်
Paya ဒီနေ့ နောက်ကျနေတာ ဘာလို့ ခေါင်းကလည်းသွေးတွေ
Krist ငါးမိနစ်ပြည့်တာနဲ့ ရသည်ဖြစ်စေမရသည်ဖြစ်စေ ပြန်လာခဲ့မယ်
Paya သွားမြန်မြန် သန့်ရှင်းရေးတွေတော့ ဝင်သွားပြီးတာ ကြာပြီ
Sing ဟို
Paya ဘာကူညီရမလဲမသိဘူး
Sing ခုနက သူကို သိလား
Paya သိတယ် ဘာလို့လဲ
Sing သူက သူခိုးမဟုတ်ဘူးလား
Paya မဟုတ်ဘူး အမြဲတမ်းသူခိုးထင်ခံနေရတာ သူများတွေ ခါးပိုက်နှိုက်ခံရတာကို စေတနာနဲ့ပြန်ပေးတာကို သူခိုးလို့ထင်တာ အခုဝင်သွားတာ သူများတွေ စားထားတဲ့ စားကြွင်းစားကျန်ကို သွားရှာတာ ငါးမိနစ်ဘဲတဲ့ အချိန်တိကျတယ် သူက
Sing အမြဲတမ်း ဒီလိုဘဲလား
Paya ဟုတ်တယ် သူတစ်ယောက်တည်းစားဖို့ မဟုတ်ဘူး ဟိုဘက်နားက မြောင်းအောက်မှာ အဘိုးကြီးတစ်ယောက်ရှိတယ် သူထောင်ထဲသွားတဲ့နေ့ဆို ကျွန်တော်ဘဲ ကောက်ကျွေးရတာ ကြာတော့မရှက်တက်တော့ဘူး အခူလည်း အဲ့အဘိုးကြီးသေတာ မသိသေးဘူး သိရင် ဘယ်လိုလာမလဲမသိဘူး
Sing သူလာနေပြီ သွားခွင့်ပြုပါဦး
Paya ဘယ်လိုလဲအခြေနေ
Krist မကောင်းဘူး တစ်ယောက်စာဘဲရတယ်
Paya ဒီနေ့ ဘယ်တွေသွားနေတာလဲ
Krist အလုပ်ရှာတာပေါ့ မရဘူး အရိုက်ခံရတာကြည့်တော့
Paya မင်းအဘိုးကြီးသေလို့ ခေါ်သွားကြပြီ
Krist ဘာ.. ဟုတ်လို့လား
Paya မယုံရင်သွားကြည့်ပေါ့ မလိမ်ဘူး ခုနကတောင် သူဌေးတစ်ယောက်က မင်းအကြောင်းမေးနေသေးတယ်
Krist တစ်ချက်သွားကြည့်လိုက်ဦးမယ် ဟုတ်ရင်လည်း ဘယ်တက်နိုင်ပါ့မလဲ ကူညီသင့်သလောက်တော့ ကူညီခဲ့တာဘဲ သေသွားလို့ ခေါ်သွားပြီဆိုရင်လည်း ဒါက ကျွန်တော့်အတွက်ပေါ့
Paya အေး သွားတော့ ကျန်းမာရေးဂရုစိုက်ဦး မနက်ြဖန်ကြ စောစောလာခဲ့
Krist ဟုတ်
Sing
လူတစ်ယောက်ရဲ့အကြောင်းကို စိတ်ဝင်စားပြီဆိုရင် အဆုံးထိ သိရမှ သူ့ရဲ့စိတ်ဓာတ်က ဘယ်လိုရှိတယ်ဆိုတာ သိရမှ ရင်ထဲပေါ့တာ အခု အကုန်မသိရတော့ ရင်ခံနေတယ် လိုက်ချောင်းတာ မရိပ်မိအောင် တော့ နေတယ်Krist
ကြားရတဲ့သတင်းကလည်း ဆိုးလိုက်တာ သေပြီတဲ့ အေးပေါ့လေ ဘယ်တက်နိုင်ပါ့လဲ ငါတောင်မှ တစ်ယောက်တည်း ပစ်ထားခဲ့သေးတာဘဲ မိဘတွေက မတက်နိုင်ဘူးလေ
ဒီချီးထုတ်တွေနဲ့ တွေ့ပြန်ပြီSuppliant ဟေးယျောင် မင်းလက်ထဲကဟာ ငါ့ပေး
Krist တတောင်းစားချင်းအတူတူ ခွက်ခုတ်ခံရပါ့လား မပေးနိုင်ဘူး
Suppliant မင်းက အာခံတယ်ပေါ့
Krist အား...ယူ
Suppliant နောက်ရက်ကစပြီ မင်းအဘိုးကြီးမရှိတော့ဘူး နေ့တိုင်းငါ့အတွက် ရှာပေးရမယ်
Krist ရှာပေးမယ် လွတ်လွတ်တော့
Suppliant မင်းက ဘယ်သူလဲ
Sing သွားမယ် တက်
Suppliant နေဦး မင်းက ဘာကောင်မို့လို့ ခေါ်တာလဲ
Sing နှိပ်လိုက်ရမလား ဆက်ပြောလေ
Suppliant မင်း လာရဲလာကြည့် အသေဘဲ
Krist ဒီလောက်ဆိုရပြီ ဆင်းတော့မယ်
Sing ဆိုစမ်းပါဦး ခုနက မင်းအုပ်စုလား
Krist မဟုတ်ဘူး ဒါဆို.လွတ်ပြီဗျာ့ တံခါးမဖွင့်တက်ဘူး
Sing ဟာသဘဲ မင်းဖွင့်တက်မှာပါ
Krist တကယ်မဖွင့်တက်ဘူး နောက်ပြီး ဒါမျိုးကားတွေဆို ကျွန်တော့်လက်နဲ့ ထိရမှာ ပစ္စည်းသိက္ခာကျမှာဆိုးလို့ ဝေးဝေးကနေကို ရှောင်တာ နောက်ပြီး ခင်ဗျား ကျွန်တော့်လိုလူကို အခုလို မကူညီနဲ့ အဆင့်အတန်းက မိုးနဲ့မြေကြီးလိုဘဲ ကွာတယ် ကျွန်တော့်တို့အတွက်က ဘာမှမဖြစ်ဘူး ခင်ဗျားအတွက်ပြောတာ အား...ကားရပ်လိုက် ဒါမျိုးကားစီးဖူးတာ ပထမဆုံးဘဲ ခေါင်းမူးတယ် ဗျာ့
Sing ပထမဆုံးဟုတ်လား
Krist 😁😁😁ကျေးဇူးပါ ဘယ်လိုဘဲနေနေ သွားခွင့်ပြုပါဦး ဒါမျိုးနေရာနဲ့ မတည့်ဘူး သွားတော့မယ် လွတ်...
Sing မင်းခေါင်းဆေးထည့်ရမှာ
Krist ရတယ် အချိန်တန်ရင်ပျောက်သွားမှာဗျာ့ ရတယ်
Sing မင်းလက်ထဲ ပိုက်ဆံမရှိလို့မလား
Krist အဲ့ဒါတစ်ပိုင်းပေါ့
Sing ငါရှင်းမယ် မပူနဲ့ မင်းသာ အသာတစ်ကြည် ဆေးထည့်ပေးတာ ခံလိုက်
ဆက်ရန်........