Part 67
ကျွန်တော် အိမ်မက်လားတကယ်လားမသိဘူး
နားထဲ လှေတစ်စီးမောင်းနှင်းလာတဲ့အသံကို ကြားရတယ် ဒါပေမယ့် ကျွန်တော် အိပ်နေတာက မထဘဲ နားထောင်နေမိတယ် အရမ်းနီးကပ်လာတယ်ထင်တော့ ကျွန်တော်လည်း ထလိုက်ပြီး ပါးတင်းပေါက်ကနေ မကြည့်တော့ဘဲ ဆင်းလာမိတယ် ဘာလို့လဲဆို ကျွန်တော့်ဆီကို အစားလာပို့တဲ့သူမို့လို့ဘဲ ဒါပေမယ့် လကပြည့်ခါနီးပြီးဆိုတော့ ဆက်လုပ်ဖို့ မလုပ်ဖို့ လာမေးတာ ထင်တယ် ဒါပေမယ့် ကျွန်တော် လှမ်းကြည့်လိုက်တော့ ဘယ်သူဘယ်ဝါမောင်းလာလဲဆိုတာ မမြင်ရဘူး ကျောက်ဆောင်ရဲ့ရပ်လို့ရမယ့်နေရာ လုပ်ထားတဲ့နေရာမှာ ရပ်လိုက်ပြီး ဘယ်သူဆင်းလာမလဲဆိုတာ ကျွန်တော် ကြည့်နေမိတယ် ဒါပေမယ့် အရင်ဆုံးထွက်လာတာ လွှစက်ဘဲ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ပြေးဖို့ လမ်းကလည်း မရှိဘူး ရေထဲခုန်ချရင်လည်း မိမှာဘဲ တံခါးပိတ်ပြီးနေမယ်ဆိုရင်လည်း လွှစက်ကြီးနဲ့ဖျက်ပြီးဝင်မှာ ကြိမ်းသေတယ် ဘာလို့လဲဆို လွှစက်ကိုင်တာ Pက လွဲရင် တခြားသူမဟုတ်ဘူးဆိုတာ သိလို့ဘဲ တကယ်လည်း Pဖြစ်နေတယ် ကျွန်တော့်ဆီကို တဖြေးဖြေး လာနေတယ် ကျွန်တော်လည်း ပြေးလမ်းမရှိတာနဲ့ ရပ်နေမိတယ် ဒါပေမယ့် လက်ထဲကိုင်ထားတဲ့ လွှစက်ကို နိုးပြီး ကျွန်တော့်ဆီရောက်လာခဲ့တယ်Sing မင်း ပြေးလို့လွတ်လား ပုန်းလို့ရော ရရဲ့လား
Krist မဟုတ်ဘူး
Sing ဘာမဟုတ်တာလည်း
Krist ဟင့်....
P ကျွန်တော့်ကို တစ်ချက်အော်လိုက်တာ ကျွန်တော့်လိပ်ပြာလွင့်သွားမတက်ဘဲ ကျွန်တော် အရမ်းကြောက်လာပြီး ခြေထောက်တွေက နောက်ကိုဘဲ ဆုတ်နေမိတယ် ဒါပေမယ့် ကျွန်တော် မီးပြတိုက်ဝင်ပေါက် တံခါးနဲ့ ကပ်မိနေပြီ
Sing မင်းပြေးလို့လွတ်လား
Krist ''P''အာဘွားပေးမယ် လွှစက်ကြီးချလိုက်
Sing ဘာလို့လဲ မင်း ငါ့ကို ဘာမပြောညာမပြောနဲ့ ထွက်သွားတုန်းက ထွက်သွားပြီ အခုမှ ဘာမှလာမပြောနဲ့
Krist မဟုတ်ဘူးလေ
Sing ဘာမဟုတ်တာလည်း
Krist ဟင့်
ဟုတ်တယ်လေ Pနဲ့ ဟိုဟာမနဲ့ ယူထားပြီးပြီလေ ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါတော့ လွတ်လပ်ချင်ပြီ Pနဲ့ ကျွန်တော်နဲ့က မဖြစ်နိုင်ဘူး Pမှာ ရှိနေပြီလေ တကယ်လို့ ကျွန်တော့်ကို ဘာမှမပြောဘဲ ထွက်လာခဲ့မိလို့ Pသက်မယ်ဆိုရင်လည်း အသေခံပါ့မယ် ကျွန်တော် အခုချိန်မှာ ပြေးဖို့မြေမရှိသလို ပုန်းဖို့လည်းနေရာမရှိဘူး Pလည်း အိမ်ထောင်နဲ့ဘဲ ကျွန်တော် သူများသားသမီးကို ပစ်မှားတဲ့ အပစ်မျိုးမကျချင်ဘူး ပြီးတော့ သူများအိမ်ထောင်ရေးကိုလည်း ဖြိုခွဲတဲ့သူ မလုပ်ချင်ဘူး