အပိုင်း(၁)

2.7K 83 2
                                    

(Uni)

"ဟိတ် ကမတွေ ဟိုမှာငါတို့Crh ကြီးလာနေပြီ"
"ဘာလဲ ဟို ပရဟိတ ဆရာဝန်လေးလား"
"အင်းပေါ့"
"သူက တခြားနေရာမှာ သဘောကောင်းပေမဲ့ မိန်းမတွေနဲ့ ပတ်သတ်ရင်တော့ အချေတလိုင်းပါတော်"
"ဟုပ်ပ့ ဆေးရုံအုပ်ကြီးရဲ့သမီး ဒီလောက်ချောတာတောင် သူက ငြင်းလိုက်တာတဲ့ ငါတို့လို အမှုန်အမွှားလေးတွေကတော့ ပြောမနေတော့ဘူးအေ့ ဟားဟား"
"ဘာပဲပြောပြော အသက် 35လို့မထင်ရဘူးဟယ် နုဖတ်နေတာပဲ ဟိ"
"ဟဲ့ ဟိုဆရာမတွေပြောတာ သူက Yaoi ဆို"
"ဘာလဲYaoi က"
"ဪ ယောကျာ်းလေးချင်းပဲ စိတ်ဝင်စားတာကိုပြောတာ"
"ဟမ်"
"ဟိတ် ဟိတ် ညည်းတို့နော် ကွကိုယ်မိန်းကလေးဆိုတာလဲ သတိရကြဦး ဟိုက အလုပ်နဲ့ပတ်သတ်ရင်စည်းကမ်းအရမ်းကြီးတာ ကိုယ့်အလုပ်ကိုယ်လုပ်ကြ"

        ကောင်မလေးတွေ ခေါ်ကြတာက အချေဆရာဝန်..... လူနာတွေ ခေါ်ကြတာက ပရဟိတ ဆရာဝန်.... အလုပ်ထဲကအပေါင်းအသင်းတွေခေါ်ကြတာက အချစ်မရှိတဲ့ ဆရာဝန်.....ဘယ်သူတွေ ဘယ်လိုပဲခေါ်ကြပါစေ ဆေးဖိုးမတတ်နိုင်တဲ့လူနာတွေ ဘယ်သူကမှ မပြုစုပေးချင်တဲ့နာတာရှည် ရောဂါသည်တွေကို သီးသန့့်ကုသပေးရင်း ပြုစုစောင့်ရှောက်ပေးရင်း ပျော်နေမိသည် ခုလောက်ဆို တယောက်သောသူကလဲ တနေရာရာကနေကြည့်ပြီး ကျေနပ်နေလောက်မှာပါ......

***********************************************

ချစ်ခြင်းကို ကျော်လွန်၍
More than Love
အပိုင်း(၁)

"New ရေ ထတော့လေ နေဖင်ထိုးနေပြီ အပြင်းကြီးနေတုန်း ဒါကြောင့်စာမေးပွဲကျတာ မြတ်မွန်ရဲ့သားနဲ့များကွာပ့ ဝိရိယကိုမရှိဘူး"

      ကျစ်...မနက်မိုးလင်းတိုင်းကြားနေကျ ကျတော့ရဲ့နှိုးစက်သံက ဒါပါပဲ သူများနဲ့နှိုင်းယှဉ်ပြီးပြောတာ မကြိုက်ပါဘူးဆိုနေမှ တခါလာလဲ မြတ်မွန်ရဲ့သားက ဘယ်လိုကြိုးစားတာ ဘယ်လိုတော်တာနဲ့ အပြောခံရပါများလာတော့ အဲ့ဒီဘယ်ကမှန်းမသိတဲ့ မေမေသူငယ်ချင်းဒေါ်မြတ်မွန်ရဲ့သားဆိုသူကို စိတ်ထဲကမုန်းတီးစွာ ကျိန်ဆဲနေမိသည်

*fk ပဲ့ င့လို သက်သက်သာသာနေခဲ့ရင် ဘာဖြစ်မှာမို့ ဒင်းကစာကြိုးစားပြပြီးတော်နေတာလဲမသိဘူး ဒင်းသာ င့လိုစာညံ့ရင် အနှိုင်းခံရမှာလဲမဟုပ်ဘူး အပြောလဲမခံရတော့ဘူး*

💘 ချစ်ခြင်းကို ကျော်လွန်၍ 💘Tahanan ng mga kuwento. Tumuklas ngayon