*** အတိဿရနှလုံးသား ( တရားဝင်ဇနီး 2 )***# အပိုင်း ၈ #
တိုက် ရော ခြွေ ပါ ခစားအိမ်မှာ ညနေစောင်းထိ
အချိန်ကုန်သွားကြပေမဲ့ ...ထူးဆန်းစွာ အရင်ကလို
ဘု ဘောက်မဖြစ်တော့ ....မဖြစ်တာက တိုက် က ခြွေ နှင့် မျက်နှာချင်းဆိုင်ရော
မျက်လုံးချင်းရော မဆုံမိအောင် သတိထားနေခဲ့လို့..ခြွေ က သူဖြစ်နေပုံကို နှုတ်ခမ်းလေး စူထော်လိုက်
မဲ့ရွဲ့လိုက် နှင့် တစ်ယောက်ထဲ မကျေမနပ်ဖြစ်နေရတဲ့အဖြစ်...ချစ်ပေမဲ့ အလျှော့ပေးဖို့ မာနက လက်မခံ ...
' ဟွန့် ...ခင်ဗျားကို စွဲလန်းပေမဲ့ ခြွေ တို့က
မာနနဲ့ပါ...'ရင်ထဲမှာ ပြောရင်း
မေးလေးပါ ပင့်မော့လိုက်သေးသည်..ခစား နဲ့ ပန်းကလေးက ခြွေ့ ရင်ထဲက အကြောင်းကို
ခြွေ နိုင်ငံခြားမှာ ရှိစဉ်ကတည်းက သိထားကြပြီးဖြစ်၍
တိုက် နဲ့ အဆင်ပြေစေချင်ပေမဲ့ ...
တိုက်က ခြွေ့ ကို မြင်တာနဲ့ ဘုကြည့်နဲ့ဘဲ
အစပြုနေတော့ စိတ်ဆတ်တဲ့ ခြွေ ကလည်း ခေသူမှ မဟုတ်ဘဲ...ခြွေ က နှလုံးသားနဲ့ မာနကိုတော့ တကန့်စီ ခွဲခြားထားတာထင်၏
ခစားက တိုက်နဲ့ စကားပြောနေရင်း
ခြွေ အကြောင်းစလာတာတောင် တိုက်က လက်ကာ
တားမြှစ်တော့ ခစား မျက်မှောင်ကုတ်သွားပြီး.
မတင်မကျကြီး ဖြစ်ရ၏...ကိုယ့်ဇနီးကို ချစ်နေခဲ့သည်ဟု ကိုယ်သိခဲ့သောအဖြစ်ထဲမှာ စိတ်က ဘဝင်မကျသလို ဖြစ်လာသည်...
' တိုက် ရဲ့ ရင်ထဲမှာ ဘာတွေရှိနေခဲ့တာလဲ '
အတွေးက လူကို မောလျသွားစေသည်...
တိုက် ကို အကဲခတ်ကြည့်တော့လည်း
တိုက် ရဲ့ အပြုအမူတွေက မထူးဆန်းသလို
သံသယဖြစ်ဖွယ်မရှိဘဲ တည်ငြိမ်လေးနက်နေ၏....ဒါဆို ..တိုက်က သူ့ရဲ့ ရင်ခွင်တခါးကို
အပြီးအပိုင် သော့ခတ် ပိတ်ဆို့လိုက်သည်လား ...
YOU ARE READING
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...