*** အတိဿရ နှလုံးသား ( တရားဝင်ဇနီး 2 )***# အပိုင်း ၂၀ #
" မ...မဟုတ်ဘူး ..မဖြစ်နိုင်ဘူး..."
ဝုန်းခနဲထရပ်ပြီး လက်ခံနိုင်တဲ့စိတ် မရှိစွာ ပြောမိ၍
ထိတ်လန့်ခြင်း နှင့်အတူ..' ဘာတွေလဲ ...ဘာတွေဖြစ်ကုန်တာလဲ...
အဖြေရှာမရ...'ရူးသွပ်သွားစေလောက်တဲ့ မြင်ကွင်းကို ပို၍
သေချာအောင် စူးစိုက်ကြည့်မိပြန်ကာ...' မဖြစ်နိုင်ဘူး ...ဒါ အိပ်မက် ...အခုဘဲ နိုးလာလို့ ..
သူ့အမြင်တွေမှားနေတာ ...'မဖြစ်နိုင်ဘူးလို့ အသိစိတ်မှာအမိအရ
သတိပေး ငြင်းဆန်တွန်းလှန်ပေမဲ့ ထိုသတိတရားက
ထိတ်လန့်မှုကို လျော့မသွားစေခဲ့....မျက်ဝန်းထောင့်မှာ ပြန်မြင်ရတာက သူအိပ်ခဲ့တဲ့
မွှေ့ရာရဲ့တဖက်မှာ ကျန်နေခဲ့တဲ့ ..အသဲပုံ ...
နှင်းဆီနီပွင့် ဖတ်လေးတွေနဲ့ ပုံဖော်ထားတဲ့
အသဲတခြမ်းက သူ့ကို ပို၍ ချောက်လန့်စေခဲ့သည်...' သူ့ ဘဝကြီး ဘာတွေ ဖြစ်ကုန်ပြီးလဲ ...'
သူသိရမှ ဖြစ်မှာမို့ ...
ဆောက်တည်ရာမဲ့နေသူလို စားပွဲနားကပ်သွားကာ
စားပွဲထက်က ဖုန်းကိုယူပြီး ကသောကမျော
ဖွင့်လိုက်မိသည် စခရင်မျက်နှာပြင်ပေါ်မှာ ပေါ်လာတဲ့
နေ့စွဲ...' ဟာ ...'
' အချိန်ကာလတစ်ခုက ဘာလို့ ပျောက်နေခဲ့တာလဲ..
သူဘာလို့ မသိတာလဲ 'ဖုန်းက လက်ထဲကနေ လွှတ်ခနဲ ကျသွားပြီး
ပုံဆီ အကြည့်ပြန်ရောက်ချိန်မှာ မခံမရပ်နိုင်သော
ခံစားမှုက တစ်ကိုယ်လုံးကို ညွတ်ကျသွားမတတ်
နှိပ်စက်သွား၍ ...ကိုယ့်နှလုံးသားကို ဆုပ်ချေဖျက်ဆီးခံလိုက်ရသလို
ခါးသီးခြင်း ခံပြင်းခြင်းနှစ်ရပ်ကို တပြိုင်တည်းမှာ
ဒွန်တွဲခံစားလိုက်ရကာ ..." လုံးဝ မဖြစ်နိုင်ဘူး...."
"အို .ဟင့်အင်း....မောင် ..မလုပ်နဲ့ ..."
YOU ARE READING
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...