အတိဿရနှလုံးသား 17

1.9K 101 0
                                    


*** အတိဿရ နှလုံးသား ( တရားဝင်​ဇနီး2 )***

             #  အပိုင်း  ၁၇  #

ကားအပြင်​ဘက်​မှာ ရပ်​ကြည့်​နေကြတဲ့ အားလုံးရဲ့
အကြည့်​ထက်​ ဒေါ်ရတနာရဲ့ မျက်​ဝန်းတစ်​စုံအောက်​မှာ
ခြွေ့သိက္ခာတရားတို့ တခဏလေးအတွင်းမှာ
မီးရှုံ့ဖျက်​ဆီးခံလိုက်​ရတဲ့ဂွမ်းစလေးတစ်​စ ပမာ
ဘာမှမကျန်​တော့သလို ရှက်​ရွှံ့သိမ်​ငယ်​စိတ်​က
ခြွေ့ခန္ဓာကိုယ်​ကို အငွေ့မျှင်​မျှင်​မျှသာကျန်​ရှိအောင်
ဖန်​တီးနေသလိုပင်​...

ညက မောင့်​ကို စောင့်​ကြည့်​ရင်း ချမ်းစိမ့်​စိမ့်​နှင့်​မို့ အေးနေတဲ့
မောင့်​ ခန္ဓာကိုယ်​ကို  အနွေးဓာတ်​ရစေလို၍ သူမကိုယ်​တိုင်​ဘဲ
မောင့်​ကို ပွေ့ဖက်​ ထားခဲ့သည်​မဟုတ်​လား....
ထိုနောက်​ ဘယ်​လို အိပ်​ပျော်​သွားမှန်းတောင်​မသိ...

.ခြွေ တောင့်​တောင့်​လေး မှင်​သက်​ငေးကြောင်​ကြည့်​နေရာကနေ
ကတုန်​ကယင်​စိတ်​နဲ့ဘဲကားတခါးကို ဖွင့်​ဆင်းလိုက်​ပါသည်

ဆင်းလာတဲ့ ခြွေ့ကို ဒေါ်ရတနာက ခေါင်းမှခြေအထိ
စုန်​ဆန်​ကြည့်​ပြီး အထင်​သေးသလို နှုတ်​ခမ်းမဲ့လိုက်
သည်​...

ပြီးမှ...

'' ဟင့်​ ...မင်း ပြောတဲ့ မင်းရဲ့ သိက္ခာတရားဆိုတာ
ဒါမျိုးလား နတ်​ခြွေပန်း ...."

ခြွေ ဖျင်းခနဲ အေးစက်​သွားလေသည်​...ဒေါ်ရတနာကို
ချေပဖို့အတွက်​ ခြွေ့ရဲ့ ရဲရင့်​မှုတွေက ပျောက်​ဆုံးနေခဲ့ပြီး ရင်​ဘတ်​ထဲမှာတော့ အရှုံးဆိုတဲ့ ဝေဒနာက
ခြွေ့ကို နှိပ်​စက်​နေကြ၏...

"မိန်းကလေးချင်းကိုယ်​ချင်းစာပြီ  အသွားမတော်
တလှမ်းဆိုတဲ့ စကားနဲ့ သုံးချင်​ပေမဲ့
ငါမြင်​လိုက်​တဲ့အဖြစ်​က  အသွားမတော်​တာမဟုတ်​ပါဘူး...မင်းက ဒီလမ်းကို  မက်​မက်​မောမော
ရွေးချယ်​လိုက်​တာဘဲ..."

'အို ...'

ခြွေ့မျက်​ဝန်းတွေ ထိတ်​လန့်​ရှက်​ရွှံ့စွာ ဖျတ်​ခနဲ
ပင့်​တက်​လာပြီးမှ အထင်​သေးစက်​ဆုပ်​သော
ဒေါ်ရတနာရဲ့ ခပ်​မဲ့မဲ့ နှုတ်​ခမ်းအစုံကို မြင်​ရခိုက်
ရင်​ဆိုင်​နိုင်​မှုစွမ်းအား မရှိတော့သလို ကမန်းကတမ်း
မျက်​လွှာပြန်​စိုက်​ချလိုက်​စဉ်​မှာ
တစ်​ဘဝလုံးမှာ မခံစားခဲ့ဖူးသော ခံစားမှုက
ပြင်းထန်​သည့်​ဝေဒနာနှင့်​ရုတ်​တရက်​မသေဘဲ
ဖျတ်​ဖျတ်​လူး ခံစားနေရတဲ့လူလို...

အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete Donde viven las historias. Descúbrelo ahora