*** အတိဿရနှလုံးသား ( တရားဝင်ဇနီး2)***# အပိုင်း ၁၉ #
" ဟာ ..ခြွေ ..."
မူးဝေနှောက်ကျိနေတဲ့ မျက်ဝန်းရိပ်မှာ ခြွေတည်ရှိနေတဲ့ နေရာဟာ လှေကားထိပ်ဆိုတဲ့အသိနဲ့ ခြွေ့ ကို
စိုးရိမ်ပူလောင် သွားသည့်စိတ်က မူးယစ်ရီဝေခြင်း
အစ ဒေါသကိုရော ..ပြီးတော့ ခံစားချက်အားလုံး
ကိုမေ့၍ ခြွေ့ကိုယ်လေးကို အမိအရ ဆွဲပွေ့ပြီး
သူနောက်ပြန်လှန်၍ ...အရှိန်နှင့် ပစ်လဲကျသွားကာ" ဘုန်းး...ဒုတ်...အားး..."
" အမေ့ရေ .."
"ဟင်...အမလေး...အို...."
ခေါင်းတစ်ခုလုံး ပြုတ်ထွက်သွားပြီးလားဟု
ထင်ရလောက်အောင် နံရံထောင့်ကို
ပစ်ဆောင့်သည့်အရှိန်က ပြင်းသည်..
ဒါပေမဲ့ ခြွေ သူ့ရင်ခွင်ထဲမှာ.ပါလာတယ်ဆိုတဲ့
အသိနဲ့ နာကျင်ခြင်းကို မေ့ကာ" ခြွေ ရယ် . မင်းသာ တခုခုဖြစ်ရင်..အ
မောင်သေမှာ..အ .. အားး.."စကားကို ဆုံးအောင်မပြောနိုင်ပေမဲ့ ကျေနပ်မှုက
အမှောင်ကမ္ဘာထဲထိ ...ထိုစကားကတော့ မောင့်ဆီက ခြွေ ပိုင်ဆိုင်လိုက်
ရသော ချစ်ခြင်းအတိလွှမ်းသော နောက်ဆုံး
စကားလေးပါဘဲ..ဆိုတာကိုတော့ ..."မောင်..."
သူဘယ်လောက်ထိ ပွေ့ဖက်ထားသည်လဲဆိုရင်
သူသတိလစ်သွားတာတောင်..
ခြွေ ချက်ချင်း မရုန်းထွက်နိုင်..." အမလေး သား .. သား..သတိလစ်သွားတာလား
ဘာတွေဖြစ်တာလဲ....လုပ်ကြပါအုံး.."ဒေါ်ရတနာ အောက်ထပ်ကနေ ရင်ဘတ်ဖိပြီး
ပြေးတက်လာကာ အပေါ်ထပ်ရောက်၍ ခြွေ့ကို
ဖက်လျက်နဲ့ သတိလစ်နေတဲ့ သားကို
မြင်တော့ ရင်ဘတ်စည်တီးတော့သည်..." ဒေါ်ဆင့်ရေ ..ဗလ .မိထွေး....မိလုံး
.လာကြပါအုံး..ငါ့သားလေးဘာဖြစ်နေပြီလဲ မသိဘူး...."" မောင် ...မောင် ..."
ခြွေ က အခုမှ မောင့် လက်ကို ဖြည်လို့ရကာ
ကုန်းရုန်းထထိုင်လိုက်ပြီး မောင့် ခန္ဓာကိုယ်ကို
လှုပ်ခါခေါ်နေမိသည်...
YOU ARE READING
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...