*** အတိဿရနှလုံးသား ( တရားဝင်ဇနီး 2 ) ***
# အပိုင်း ၂၆ #ခြွေ တောင့်တောင့်လေး ရပ်နေရာမှာ လက်သီးလေးဆုပ်ပစ်လိုက်ပြီး..နှုတ်ခမ်းတင်းတင်းစေ့သည်...
' ခြွေ နောက်ကောက်ကျမသွားဘူးဆိုတာ ခင်ဗျား
သိရမယ် . အာကာသတိုက် 'နှုတ်ခမ်းတင်းတင်း စေ့ထားရင်းမှ ခြွေ အေးစက်စက်လေး ပြုံးလိုက်သည်...
ပြီးတော့ ...တိုက် ဆီ သို့ ...ခြွေ့ အပြုအမူကြောင့် ကျန်သုံးယောက် ကြောင်သွား
ကာ ခြွေ ဘာလုပ်မှာလဲဟု စိတ်ဝင်စားသွားရတာ
အမှန်...ခုဏက ပြိုတော့မဲ့ မိုးလိုဖြစ်နေတဲ့ သူမက
အေးစက်စက် အပြုံးနဲ့မို့ ..." ဟိုက် ...ခြွေ"
ခြွေ့ အကြောင်းကို သိထားတဲ့ ဝသန်က ခြွေ
ဘာလုပ်တော့မှာကို အရိပ်အမွှက်လေး ရိပ်စားမိ၍
မျက်လုံးကြီး ပြူးကာခြွေ့နောက်ကနေလိုက်ခဲ့သည်...တခါတလေ ခြွေ့က ဝုန်းဒိုင်ကျဲတွေ လုပ်တတ်လို့လေ ...
အခု ဘာအထာနဲ့ ပြီးမှာလဲ မသိ...
" မောင် ..."
' ဟင် ...'
အနား ရောက်လာပြီး ခေါ်လိုက်တော့
တိုက် တစ်ယောက် ကြောင်အမ်းအမ်းတောင်
ဖြစ်သွား၍ ခြွေ့ ကို ဖျတ်ခနဲကြည့်၏သူမ နှုတ်ခမ်းလေးက ပြုံး၍ မျက်ဝန်းလေးက
အေးစက်စက်..." အဟင်း...မောင် က ကောင်မလေး နဲ့ လာတာကိုး...အဟင်း...sorry နော် ညီမ မမက ကိုယ့်
ယောက်ျားကို တွေ့လို့ နှုတ်ဆက်ရုံပါ...အဟင်း
ဟင်း"" ဘာ...နင် နင် .ဘယ်သူလဲ ..ကိုကို သူက
ဘယ်သူလဲဟင် ...""အော် ...အဟင်း ...မောင်က သူ့မှာ တရားဝင်ဇနီး
ရှိတာကို မပြောပြထားဘူး ထင်တယ်..
အင်းလေ ..ဒါတွေက ခြံခုန်တတ်တဲ့ နွား...အဲ..
မှားလို..ယောက်ျားတွေအတွက် ဖြစ်ရိုး ဖြစ်စဉ်
ဆိုတော့ ရိုးနေပါပြီလေ...အဟင်း ဟင်း..
ဒါပေမဲ့ ...မမက ....မောင့်အစား
တောင်းပန်ပါတယ် ညီမရယ် ...
မောင်က အဲလိုဘဲသိလား အိမ်က မိန်းမနဲ့
မလုံလောက်တော့ ..
အပြင်မှာ မနူးမနံ့ကောင်မလေးတွေဆီက
ရှာစားနေတာ ညီမရဲ့ ....အဟင်း.."
YOU ARE READING
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...