*** အတိဿရ နှလုံးသား ( တရားဝင်ဇနီး2)***# အပိုင်း ၁၃ #
' စင်္ကြာဝဠာ စံအိမ်' ..ရောက်တော့ ...
တိုက် က ထူးဆန်းစွာ သူ ပိတ်ထားတာ ကြာခဲ့ပြီး
ဖြစ်သော အခန်းထဲမှာ နေဖို့ ဆန္ဒ ရှိနေတော့ ..
အိမ်ကလူတွေ အံ့သြကုန်သည်...ခြံဝင်းထဲဝင်ဝင်ချင်း ဝဲဘက်ဆောင်ကို မောင်းသွားဖို့
ခစားကို သူဘဲပြောခဲ့တာ ကိုယ့်ကိုယ်လဲအံ့သြမိ၏..ခမ်းနားကျယ်ဝန်းလှသော ခြံ နဲ့ စံအိမ်ထဲမှာ
ဘာလို့ ဒီအဆောင်ကမှ ကိုယ်နဲ့ ရင်းနှီးနေတာလဲ..ပြီးတော့ အခန်းတစ်ခုရှေ့မှာ တန်းတန်းမတ်မတ်ရပ်လိုက်ပြီး အခန်းလေးဟာ သူ့ကို ရင်ခုန်ကြည်နူးစွာ
စောင့်မျှော်ကြိုဆိုနေခဲ့သလိုလို...အခန်းတခါးဖွင့်ပြီး ဝင်လိုက်ရင်ဘဲ ရင်ထဲမှာ
နွေးထွေးချမ်းမြေ့သွားတဲ့ ခံစားမှုက တကိုယ်လုံးကို
ပျံ့နှံ့သွား၏...အခန်းနဲ့တဆက်ထဲမှာ စတိုခန်းက သော့ပိတ်ရက်နှင့်
" ခြွေ ..လာလေ ..."
တခါးဝမှာဘဲ ရပ်နေတဲ့ ခြွေ့ကို သမင်လည်ပြန်လှည့်
ကြည့်ပြီး ခေါ်တော့ ခြွေ တွန့်ခနဲ ဖြစ်သွားသည်...မမစိမ်းက ဂျူတီရှိ၍ ဆေးရုံမှာဘဲ နေခဲ့ပြီး ခစားကလဲ
ပြန်သွားပြီးဖြစ်သည်..ခုဏက သူတို့ စံအိမ်ထဲ ဝင်လာစဉ်မှာ တိုက်ကို
ကြိုဆိုတဲ့ အလုပ်သမားများရှိပေမဲ့ အခု ..
ဒီနေရာမှာ ကျန်နေခဲ့တာ ခြွေ ရယ် ဒေါ်ရတနာရယ်
တိုက်ရယ်ဘဲ ရှိသည်..ဒါကြောင့် ခြွေ ခပ်တွန့်တွန့်ဖြစ်နေခြင်းပင်...
သူက ကိုယ့်ကို အပျောက်မခံနိုင်အောင်ချစ်တယ်ဆိုတာက အတိတ်မေ့နေသူ ဖြစ်နေလို့...
ကိုယ် သူ့ကို ချစ်နေသည်ဘဲထားအုံး ကိုယ်က
မိန်းကလေး ...ပြီးတော့ ..
ဒေါ်ရတနာ၏ သားဖြစ်သူကို ဘာမှ မတားရက်
မပြောဝံ့တဲ့ မျက်နှာမှာ မချိတရိ မခံသာမှုဖြင့်
နှုတ်ခမ်းတင်းတင်းစေ့ထားရပုံနှင့်
YOU ARE READING
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...