အတိဿရနှလုံးသား 15

1.9K 100 0
                                    


*** အတိဿရ နှလုံးသား ( တရားဝင်​ဇနီး 2)***

             # အပိုင်း ၁၅ #

တိုက်​ စိတ်​လှုပ်​ရှားတုန်​ခါနေသော အသံနှင့်
ပြောနေရင်းမှ အသက်​ရှူနှုန်းတွေပါ ပြင်းလာကာ
ခေါင်းကိုဖိကိုင်​ပြီး ဒူးညွတ်​ကျသွားတော့...

ဒေါ်ရတနာ နှင့်​ ခစား ပျာယာခတ်​သွားသည်​...

" တိုက်​ ..မင်း စိတ်​ထိန်းလေ ...ဗလ မမစိမ်းဆီ
ဖုန်းဆက်​စမ်း..."

" ဟုတ်​ကဲ့ .."

"မာ ..မာမီ ရက်​စက်​လိုက်​တာ .
.ကျွန်​တော်​သိတယ်​...ခြွေ့ကို ကြည့်​ခဲ့နဲ့
မာမီ့မျက်​ဝန်းတွေကို ..ကျွန်​တော်​အကဲခတ်​မိပေမဲ့
...မထင်​ခဲ့ဘူး...ခြွေ့ကိုမာမီ တစ်​ခုခုပြောလိုက်​လို့သာ ခြွေ ကျွန်​တော့်​ကိုထားခဲ့တာ ..."

" ဟာကွာ ...တိုက်​ .အန်​တီလေးကို..
.မင်းဘာတွေလျှောက်​ပြောနေတာလဲ...
.စိတ်​ထိန်းမှပေါ့ကွာ..မင်း..."

"မဟုတ်​ဘူး ခစား ...မာမီ ခြွေ့ကို မုန်းနေတာ ငါသိတယ်​..မာမီ့မျက်​ဝန်းတွေကို ငါသိတယ်​ကွ...မနေ့က
ခြွေ ငါ့အနားမှာ ရှိနေခဲ့တာ ကြည်​ကြည်​လင်​လင်​ဘဲ
.ပြီးတော့ .."

"မင်းကွာ ..ထင်​ရာတွေဘဲ ဇွတ်​ပြောနေပါလား...
အန်​တီလေးက ခြွေ့ကို ဘာလို့ ..."

"ဟုတ်​ပါတယ်​ ..သားရယ်​ ..မာမီ ပြောလိုက်​ပါတယ်​.မာမီ့ဘဝမှာ မကြုံဖူးခဲ့တဲ့ ရှက်​ရွှံ့ 
သိမ်​ငယ်​ထိတ်​လန့်​ခဲ့ရတဲ့ အဖြစ်​ကို နတ်​ခြွေပန်း
ကြောင့်​ ကြုံခဲ့ရတဲ့နောက်​မှာ
နတ်​ခြွေပန်းကို မာမီ သိပ်​ကို ခါးသီးခဲ့တယ်​..
မနှစ်​မြို့တာထက်​ပိုခဲ့တဲ့အတ္တနဲ့ သူက ဆရာဝန်​ဆို
တဲ့အသိနဲ့တောင်​ သားနဲ့ အနီးကပ်​နေဖို့ လက်​မခံနိုင်​ခဲ့ဘူး...မနေ့က မာမီလေ ...သူသိက္ခာမာနနဲ့ ပတ်​သက်​ပြီး ထိပါးပုတ်​ခတ်​ပြောခဲ့မိတယ်​..သားရယ်​...
သူ့ကလဲ မခံပါဘူး မာမီ့ကို ရစရာမရှိအောင်​ တုန့်​ပြန်​ခဲ့တာပါဘဲ ...တော်​တော်​ ပက်​စက်​တဲ့ မိန်းကလေး"

ခစား ပါးစပ်​အဟောင်းသား ဖြစ်​သွားသည်​..
အန်​တီလေးဟာ အင်​မတန်​ စိတ်​ထားကောင်းပြီး
နူးညံ့သိမ်​မွှေ့သူပါ ...
ခြွေ့ ရဲ့ လွှဲမှားခဲ့တဲ့ လုပ်​ရပ်​တစ်​ခုကို ဤမျှ ခါးသီး
နာကျည်းခဲ့သည်​လား..

အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete Where stories live. Discover now