*** အတိဿရနှလုံးသား ( တရားဝင်ဇနီး 2 ) ***# အပိုင်း ၂၈ #
ခြွေ့ ကို အောက်ထပ်မှာဘဲ ဆင်းစောင့်ရင်း ဆိုဖာမှာ
ထိုင်ကာ တိုက် မျက်နှာက ပြုံးရောင်သမ်းနေသည်ခြွေ့ အနားမှာ ရှိနေရင် သူ့ကြောင့်
ခြွေ ပြင်လို့ ပြီးတော့မှာ မဟုတ်တာကို သိ၍
အောက်ထပ်မှာ ဆင်းစောင့် လိုက်တာဖြစ်သည်...ဟော...ဆင်းလာပါပြီ
'ဟား..ကြည့်စမ်း...'
သူမတ်တပ်ရပ်သွားပြီး ငေးမောသွားရ၏...
ပန်းစီးရောင် ပါတိတ်ဝမ်းဆက်က လှပသော
ခန္ဓာကိုယ်သွယ်သွယ်လေးမှာ ပြေပြစ်ချပ်ရပ်စွာ...
ပခုံးမကျတကျဆံနွယ်လေးကို တဖက်ချထားပြီး
တဖက်က လိပ်ပြာကျောက်တန်းကလစ်လေးနှင့်
ညှပ်သိမ်းထား၍ နုမွှတ်ကြည်စင်နေသော
မျက်နှာလေးကို ပို၍ နုဖတ်လှပစေကာ
ရင်စေ့ခါးတိုလက်ဖောင်းလေးချုပ်ဝတ်ထားတာမို့
ဒေါက်တာမကြီး တစ်ယောက်လို့ မထင်ရလောက်
အောင် ခလေးဆန်ဆန်နှင့် ချစ်စဖွယ်လေးဖြစ်နေ၏သူမကို ဒီလိုပုံစံလေးနှင့် ပြင်ဆင်တာမတွေ့ဖူးခဲ့သည်
မို့ မျက်စိလွှဲမသွားနိုင်အောင် သူမလေးက သူ့ကို
ညို့ယူဖမ်းစားနိုင်လေ၏ ....ခြွေ သူ့အနားရောက်လာတာတောင် သတိမပြုမိတဲ့
အထိ..." အာကာသတိုက် ..."
"ဟင် ...."
" ဟို ..ဟို.. ခြွေ ပြင်ထားတာ..."
ခြွေက တခါတလေလေးမှ ဒီလိုလေးပြင်ဖူး၍
ကိုယ့်ကိုယ်ကို ယုံကြည်မှုသိပ်မရှိတာအမှန်..." မင်း သိပ်လှတယ် ခြွေ ..."
"အို ...ဟာ..ခင်ဗျား ..."
ခြွေ သူ့ရင်ခွင်ထဲ ရောက်သွားပြီး မွှန်းကြပ်သွားသည်
" အာကာသတိုက် ... "
"အဟွန်း...sorry .ကိုယ်စိတ်လွတ်သွားလို့.
.ဟက်.."ခြွေ သူ့နာမည်ကိုကျယ်ကျယ်လေးခေါ်လိုက်မှ
သတိဝင်လာကာ ခြွေ့ကို လွှတ်ပေးပြီး
ဆံပင်သပ်ရင်း..ဟက်ခနဲ ရယ်မိ၏
YOU ARE READING
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...