အတိဿရနှလုံးသား 11

2K 110 1
                                    


*** အတိဿရနှလုံးသား ( တရားဝင်​ဇနီး 2 )***

# အပိုင်း ၁၁ #

ရုတ်​တရက်​ ထွက်​ပေါ်လာတဲ့ စိုးရိမ်​မှု လွှမ်း၍
လှိုက်​ခါနေသောအသံကြောင့်​ ...

ခြွေ့ ကို ရွယ်လိုက်​တဲ့ ဒေါ်ရတနာ ရဲ့လက်​သည်
လေထဲမှာဘဲရပ်​တန့်​သွားကာ ...

စိုးထိတ်​ပူပန်​သွားသော မျက်​နှာနှင့်​ နောက်​ကို
အလန့်​တကြား လှည့်​ကြည့်​သည်​...

" အ ...ကျွတ်​..ခြွေ ..မင်း...မင်း ဘာဖြစ်​သွားလဲ.ဟင်​..."

" အို .. သား ..''

ကုတင်​ပေါ်ကနေ လူးလွန့်​ထကာ ဒရက်​ပ်​ပိုက်​တွေ
ဆွဲဖြုတ်​ကုန်​သည်​ ...
ခေါင်းကို လက်​တဖက်​ကဖိကိုင်​ပြီး ...ကုတင်​ပေါ်က
ဆင်း၍ ခြွေ့ကို စိုးရိမ်​တကြီး မေးနေတဲ့ သူ့ကြောင့်
ခြွေ ဆွံ့အသူလို ဖြစ်​ပြီး သူ့ကို ပြူးကြောင်
ကြည့်​မိသည်​....

တိုက်​ .တိုက်​ ..ဘာဖြစ်​သွားတာလဲ ...

ဟာ ...တိုက်​ အတိတ်​မေ့ ...

ခြွေ့ အတွေးမှ မဆုံးသေး ဒေါ်ရတနာရဲ့ အသံတွေကတုန်​လှိုက်​စွာ

"သား ..သားလေး ဘာတွေပြောနေတာလဲ"

" ဘာပြောရမလဲဗျ ...ကျုပ်​ချစ်​သူကို စိတ်​ပူလို့
မေးနေတာလေ..."

" အို ...ဘုရားး ..ငါ့ သား ..မာမီ့သားလေး.."

သားဖြစ်​သူရဲ့ မျက်​လုံးစိမ်းကြီးနဲ့ သူမကို ကြည့်​ပြီး
ပြောလာတဲ့ စိမ်းသက်​ခါးသီးတဲ့ စကားတွေက
နားထဲမှာ သံရည်​ပူပျော်​ဆင်းသွားသလို..
.ဒေါ်ရတနာ ယိုင်​ခနဲဖြစ်​သွား၍
စိမ်း ကမန်းကတမ်း ထိန်းကိုင်​လိုက်​ပေမဲ့ စိမ်း ရဲ့
မျက်​လုံးတွေက တိုက်​ ဆီမှာ ပြူးကျယ်​ဝိုင်းစက်​စွာ.

" ခြွေ ...ကိုယ်​မေးနေတယ်​လေ ... ဟာ ..ကြည့်​စမ်း
မင်းပါးလေးတဖက်​ ...ရဲနေတာဘဲ ...ခင်​ဗျားဗျာ ..
ကျုပ်​ချစ်​သူကို ဘာလို့ ဒီလိုလုပ်​ရတာလဲ ...ကျုပ်​ချစ်​သူမှာ ဘာအပြစ်​များရှိလို့ ကိုယ်​ထိလက်​ရောက်
စော်​ကားရတာလဲဗျ ..."

" အို ..သား အဟင့်​ ဟင့်​ ဟင့်​ ..."

သားဖြစ်​သူ ဆက်​ပြောသောစကားတွေက နှလုံးသား
ကို မြှားတစင်းပြီး တစင်း စိုက်​ချလာသလို ..

အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete Hikayelerin yaşadığı yer. Şimdi keşfedin