*** အတိဿရနှလုံးသား ( တရားဝင်ဇနီး 2 ) ***# အပိုင်း ၃၀ ဇာတ်သိမ်း #
လက်က ဒဏ်ရာဗလပွနဲ့ စိမ်း တို့ တားနေတဲ့ကြားက
ကားမောင်းပြီး ထွက်လာသည်..
လက်ပြင်ကအနာထက် ရင်ဘတ်ထဲကနာကျင်ခြင်းက
တဆစ်ဆစ်နှင့် လူကို ပိုပြီး နှိပ်စက်ညှင်းပန်းကြသည်
ဆိုလျှင် နှလုံးသားရဲ့ ဒဏ်ရာကို ပျောက်အောင် ဖန်တီးနိုင်သူဟာ ခြွေ တစ်ယောက်သာ ရှိသည်ခြွေ့အိမ်ရှေ့ရောက်ပြီး အိမ်ထဲလှမ်းကြည့်တော့
မီးရောင်ရှိနေသည်မို့ ခြွေ ရှိနေမှန်း သေချာသည်...
ဘွားမရှိကတည်းက အိမ်ကသော့ခတ်ပိတ်ထားခဲ့
သည်မဟုတ်လား...မြို့ထဲမှာဖြစ်၍ နှစ်ထပ်တိုက်အိမ်က ကြီးပေမဲ့
ခြံဝင်းက သိပ်မကျယ်ပါ....
တိုက် ကားပေါ်က ဆင်းလိုက်တော့ သည်းနေတဲ့ မိုးက သူ့ကို တစ်ကိုယ်လုံးရွှဲအောင် ဆီးကြိုသည်
မိုးတွေကိုလဲ မမှုတော့...ခြံတခါးရှေ့မှာ
သံဘာဂျာတခါးကိုဆုပ်ကိုင် ရပ်လိုက်ပြီး" ခြွေ ..."
"ခြွေ...."
" ဟင် ..."
မိုးသံတွေကြားမှ အသံကြောင့် ခြွေ မတ်ခနဲ ဖြစ်သွား
သည်...
ဝသန် သူမကို လာပို့ပြီး တစ်ယောက်ထဲနေချင်သည်
ဖြစ်၍ ဝသန့်ကို ပြန်သွားခိုင်းလိုက်သည်..." ခြွေ ...မင်းကိုယ့်အသံကို ကြားတယ်မို့လား..."
"ခြွေ ..."
အသံက တစထက်တစ ပိုကျယ်လာ၍ ငိုလွန်းတာ
ကြောင့် မို့အစ်နီမြန်းနေတဲ့ မျက်နှာလေးနှင့်
အင့်ခနဲ ရှိုက်ကာ အပြင်ခြံတခါးကို လှမ်းမြင်
နေရတဲ့ ပြတင်းပေါက်မှာ ရပ်လိုက်၍
လှမ်းကြည့်တော့" အဟင့် ..."
သူပါဘဲလေ ...
သူ့ကိုတွေ့တော့ နာကျင်ခြင်း ဝေဒနာက
အသစ်အသစ်တွေ ပြန်ဖြစ်လာကာ မျက်ရည်က
အတောမသတ် စီးကျပြန်၏" ခြွေ..."
" ခြွေ ...မင်းကြားလားဟင်...ကိုယ့်ဆီ ခဏလေးဘဲ ထွက်လာခဲ့ပေးပါခြွေရယ်"
ESTÁS LEYENDO
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanficအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...