*** အတိဿရ နှလုံးသား ( တရားဝင်ဇနီး2)***# အပိုင်း ၁၄ #
" ကျွတ် ...ခြွေ ရာ ..."
အသံတိတ် ရှိုက်ငိုခဲ့သော ခြွေ့ကို အတန်ကြာ
စောင့်ကြည့်နေပြီးမှ ဝသန် မချင့်မရဲ စုပ်သပ်သည်ဘာလဲ ...ခြွေ ဘာကြောင့် ငိုတာလဲ ...
သူမှတ်မိသည်က ထိုအိမ်ကနေ ထွက်လာတဲ့
အရင်တခါကလဲ ..ခြွေ တအားရှိုက်ငိုခဲ့သည်
အခု ဒုတိယအကြိမ် ထွက်လာခြင်းမှာလဲ
ငိုနေပြန်ပြီး....ခြွေ ငိုနေတာကြောင့် လမ်းဘေးက သစ်ပင်ရိပ်တစ်ခု
မှာ ကားကို ထိုးရပ်ထားခြင်းဖြစ်သည်...အတန်ကြာသည်အထိ သူမက ငို၍ မပြီးတော့...
" ခြွေ ..."
"......"
ခြွေ က မထူးပေမဲ့ မျက်လွှာပင့်ကြည့်ပါသည်..
" နင် ဘာဖြစ်နေတာလဲ .ခြွေ ရာ နင်ဟာ ပျော့ညံ့တဲ့
မိန်းကလေး မဟုတ်ပါဘဲ ဘာလို့ ဒီလောက်ထိ
နင့်နင့်သီးသီးခံစားနေရတာလဲ...နင့်ရင်ထဲမှာ
ရှိသမျှ ငါ့ကို ရင်ဖွင့်နိုင်ပါတယ် ...ငါ ချစ်နေတဲ့
မိန်းကလေးက ဒီလို ခံစားနေရတာကို ဘယ်လိုရင်ဘတ်နဲ့မှ ကြည့်နေနိုင်စွမ်းမရှိတော့ဘူး...""အဟင့်...ဝသန်..နင် ပြောစမ်းပါဟာ..
.ချစ်ပေမဲ့....သိက္ခာမာနကို
စော်ကားခံရရင် နင်ဘယ်လိုနေမလဲဟင် ...""ဘယ်လို ခြွေ ..."
" ချစ်လို့ လိုက်လျောတာကို သိက္ခာမဲ့သူလို့ အစော်ကားခံရရင် ..."
"ဘာ ..နင် ဆိုလိုတာက ဘာလဲ ခြွေ ..
ကိုအာကာသတိုက်က နင့်ကို ...""မဟုတ်ဘူး ..သူမဟုတ်ပါဘူး ဝသန်ရယ် ...
သူ့မာမီပါ ...သူ့မာမီက ငါ့ကို သိပ်အထင်သေးတာ
ငါ..ငါ့ ..မာနကိုထိပါးလာတော့ မခံနိုင်လို့ တုန့်ပြန်ခဲ့
တယ်...သူကတော့ ..အခုထိ .ဘာမှ သိသေးမှာ
မဟုတ်ဘူး..ဒါပေမဲ့...ငါ ဆုံးဖြတ်လိုက်တယ်...
အချစ်တစ်ခုတည်း အတွက်နဲ့တော့ ငါ့သိက္ခာကို
အနင်း မခံနိုင်တော့ဘူးလို့ ..."
ESTÁS LEYENDO
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanficအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...