*** အတိဿရ နှလုံးသား ( တရားဝင်ဇနီး2 )***# အပိုင်း ၁၀ #
ခြွေ ကမပြေးရုံတမယ် အလောတကြီးထွက်သွား၍
ခြွေ့နောက်ကို လိုက်လာတဲ့ ဝသန့် ခြေလှမ်းတွေက
သူမ ဦးတည်ရာကို မြင်လိုက်တဲ့အခါ ရပ်တန့်သွားခဲ့
ပြီး ...ရင်တစ်ခုလုံးသည်...လှိုင်းတံပိုးက ကျောက်ဆောင်ကို ဝင်ဆောင့်ပြီး ရေတွေဖြာထွက်သွားသလို
ဆောင့်ခနဲ့ အောင့်တက်ပြီး လှိုက်ခနဲ လှုပ်ခါသွား
ကာ ...ခံစားချက်က ပင်လယ်ရေလို ငံကျိကျိ
ခါးသက်သက်...သူမ ပြေးသွားပုံ ...တိုက် ကို စကားပြောပုံ
ပြီးတော့ တိုက်က ဘာပြောလိုက်မှန်းမသိ
သူမ ဝမ်းသာလှိုက်မောစွာ တိုက် လက်မောင်းနှစ်ဖက်ကို လှုမ်းရမ်းပြီးသွားတန်းလေးတွေ ပေါ်အောင်
ရယ်လိုက်ပုံ..ထိုနောက် ...တိုက်ကို မော့မော့လေး
ကြည့်ရင်းမှ အင်္ကျီလက်မောင်းစနှစ်ဖက်ကို ဆုတ်ဆွဲထားဆဲနှင့် ...နှုတ်ခမ်းလေးစူ ခြေလေးဆောင့်
ဖြစ်သွားပုံ .နောက်တော့ ဇက်လေးပုသွားပြီး
တိုက် ကို မော့ကြည့် ပုံလေးက ...ချစ်သူ တစ်ယောက်အပေါ် အမြဲဆိုးနွှဲ့တတ်တဲ့
ကောင်မလေး တစ်ယောက်နှယ် ...ဒီလို မြင်ကွင်းကို ဘယ်သူဘဲ မြင်မြင် ဒီလိုဘဲ
ထင်ကြမည်မှာ မလွှဲ...ခြွေ နှင့် စသိလာခဲ့တဲ့ သက်တမ်းတလျှောက်
သူမဆီက ဒီလို အမူအယာလေးတွေကို
သူမတွေ့ဖူးခဲ့ပါ ....အခုတော့ ....
သူမရဲ့ ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းလေး နဲ့ အပြုံး
တွေက ...'ခြွေ ရယ် ..'
ရင်ထဲမှာ စူးနစ်သွားသည်....
သူမကို ချစ်ခဲ့သော ရင်ထဲမှာ သူမကို ဖွင့်ပြောဖို့ရာ
သတ္တိမရှိခဲ့လေသလား...
ဒါမှမဟုတ် ...အရိပ်တကြည့်ကြည့်နှင့်မို့ ကိုယ်ဖွင့်
ပြောရင် သူမ ငြိုငြင်စိတ်ဖြစ်သွားမည်လား..
ပြီးတော့ ..သူမလေးရဲ့ လှုပ်ရှားနေထိုင်ပုံကြောင့်
ကိုယ်အတွက် ပြိုင်ဘက်ဆိုတာ မရှိနိုင်ပါဘူးဟု
ထင်နေခဲ့လို့လား ..
ဘာမှ မခွဲခြားနိုင်ခဲ့ဘဲ ...
လို့လား ..
ဘာမှ မခွဲခြားနိုင်ခဲ့ဘဲ ...
VOUS LISEZ
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...