အတိဿရနှလုံးသား 12

1.9K 107 2
                                    


*** အတိဿရနှလုံးသား ( တရားဝင်​ဇနီး 2)***

             #   အပိုင်း ၁၂    #

ခြွေ့ကို အမောတကောကြီး ဆောင့်​အောင့်​ခေါ်
သံနောက်​မှာ .... တင်းပြတ်​သော တားမြစ်​သံ
နှင့်​ အတူ ..ဝသန်​ ကို ဆောင့်​တွန်းပြစ်​လိုက်​တာ
ရုတ်​ခနဲ့ ...

ယိမ်းထိုးယိုင်​ထွက်​သွားတဲ့ ဝသန်​ကို လက်​သီးနှင့်
ရွယ်​ပြီး ထိုးဖို့ပြင်​တော့ ...

" ဟာ..."

" တိုက်​ ...အာကာသတိုက်​ မလုပ်​ပါနဲ့ ..."

" တိုက်​ ...ဟာကွာ ...ဒီကောင်​ ..."

ခြွေ က ဝသန့်​ ရှေ့ကနေဝင်​ရောက်​ကာထားပြီး
တားတော့ တိုက်​ ရပ်​တန့်​သွားပြီး မျက်​လုံးက
အလိုမကျစွာ .

.မျက်​မှောင်​ကြီးလဲ တွန့်​ကုတ်​သွား၍

" ခြွေ ...မင်း...မင်း ..ဒီလူ့ရှေ့ကနေ ကာပြီး
ကိုယ့်​ကို တားမြှစ်​လိုက်​တာ ဘာသဘောလဲ..
ကိုယ်​ နိုးနိုးချင်း မင်းမျက်​နှာလေးကို မမြင်​ရတော့
ကိုယ်​ဘယ်​လောက်​ထိ ပူလောင်​စိုးထိတ်​သွားရလဲ
သိရဲ့လား ...မင်း ကတော့ ...မင်းကတော့...
မင်းကွာ ...မင်းလုပ်​ရက်​လိုက်​တာ..."

အသက်​ရှူသံတွေ ပြင်းလာပြီး ခံစားချက်​ကြောင့်
သူ့မျက်​နှာလဲ နီရဲလာကာ ..မချိခံရခက်​ပုံနှင့်
ံ ခြွေ လက်​မောင်းလေး နှစ်​ဖက်​ကို
ဆုပ်​ကို​င်​သည်​...

" အ .."

" မင်း ပြောပါခြွေ ...မင်းကိုယ့်​ကို မချစ်​တော့လို့လား
ကိုယ်​က မင်းအတွက်​ ဘာမှ မဟုတ်​ဘူးလား.."

"ဟို..ဟို ..."

ခြွေ ဘယ်​လို ဖြေရမှာလဲ ...သူက လွှဲပြီး ခြွေ နဲ့ သူ
ဘာမှ မဆိုင်​မှန်း အနားမှာ ရှိနေတဲ့ ခစား မမစိမ်း
ဝသန်​တို့ သိနေသည်

ပြီးတော့ ..ဆေးရုံဝင်းထဲမှာ ...

မျက်​လုံးဝိုင်းလေးနှင့်​ သူ့ကို မော့ကြည့်​ပြီး
အခက်​တွေ့နေတဲ့ ခြွေ့ကို စူးစိုက်​ကြည့်​ကာ..
သူက ဘယ်​လို နားလည်​သွားသည်​မသိ...

ခြွေ့ကို လွှတ်​ပြီး လက်​နှစ်​ဖက်​ စုံချကာ
မျက်​နှာ အရင်​လွှဲသည်​....

အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete حيث تعيش القصص. اكتشف الآن