*** အတိဿရနှလုံးသား ( တရားဝင်ဇနီး2 )***# အပိုင်း ၇ #
အလုပ်တာဝန်ထမ်းဆောင်ရာမှာ အမြဲ တက်ကြွ
နေခဲ့သော ခြွေ ...ငိုင်တိငိုင်တိုင်နှင့် ..တချက်တချက်
သတိလွှတ်သလို ဖြစ်ဖြစ်သွား၍
နန်းဇာ က ကြည့်ပြီး မျက်နှာလေး ငယ်နေသည်..ပြသနာဖြစ်ပြီး ရှင်းနေရတာနှင့် တစ်ရက်ခွှင့်စာတင်ပြီးနန်းဇာနားလိုက်ရသည်...
ဒီနေ့ အလုပ်လာတော့ ခြွေ နဲ့ အတူရှိနေပေမဲ့
စကားပြောဖို့ အခွင့်အရေးမပေးခဲ့ ...
ပြီးတော့ ခြွေ မျက်နှာ သိပ်မလန်းတာကို သတိထားမိ၍ စကားပြောဖို့ မဝံ့မရဲ ဖြစ်နေတာပင်...ဒါပေမဲ့ ..မမခြွေကို သူမ ကျေးဇူးတင်စကားပြောပြီး တောင်းပန်ရမည် ...
မမခြွေ အရိပ်အကဲကိုကြည့်ပြီး စကားရအောင်
ပြောအုံးမှပါ ...မဟုတ်ရင် နန်းဇာ ဘယ်လိုမှ စိတ်ကောင်းနိုင်မည်မဟုတ်...
ဂျူတီပြီး၍ ခြွေက စိတ်လက်မကြည်သလိုမို့ အိမ်ပြန်ဖို့
ဘဲ ဆုံးဖြတ်လိုက်သည်...
အရင်ကလို စိတ်ရောကိုယ်ပါ မောပန်းနွယ်နယ်သမျှကို စားစရာတွေ နှင့် ဖြေသိမ့်ဖို့ ..စိတ်မပါတော့ ..." မမခြွေ ..."
" ဟင် ..အော် နန်းဇာ ...ဘာပြောမလို့လဲ ပြောလေ"
" နန်းဇာ မမကို တောင်းပန်ပါတယ်ရှင် ..."
"အိုးး..မဟုတ်တာ ..မမကို ဘာအတွက် တောင်းပန်တာလဲ နန်းဇာရဲ့ ..."
"ဇာကြောင့် ပြသနာ ဖြစ်ရတာကိုပါ ..."
"အော် ...နန်းဇာ ရယ် ..နန်းဇာက ပြသနာ ဖြစ်စေဖို့
ဖန်တီးတဲ့ သူမှ မဟုတ်တာ ..တောင်းပန်စရာမလိုပါဘူး...ဒါနဲ့ ...အဲနေ့က ဘာတွေဖြစ်သွားတာလဲ
အဲဒီလူတွေက နန်းဇာနဲ့ ဘယ်လို ပတ်သက်နေတာလဲ ...""ဟို ကိုကြီး တိုးတက် နဲ့ ကိုလေး တက်ရဲ က
ဇာရဲ့ ဖအေတူ မအေကွဲအစ်ကိုတွေပါ မမ ...""ဘယ် ..ဘယ်လို ..ဒါ ဒါဆို အဲလူတွေက နန်းဇာရဲ့
အစ်ကိုရင်းတွေပေါ့ ..ဒါဆို...သူတို့က နန်းဇာကို...
ဘာလို့ ..လူကြမ်းတွေလို အတင်းကြီး ဆွဲခေါ်နေတာလဲ ...."
أنت تقرأ
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
أدب الهواةအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...