***အတိဿရ နှလုံးသား (တရားဝင်ဇနီး 2 )***# အပိုင်း ၁ #
လူတစ်ယောက်ရဲ့ အဆင့်အတန်းကဘာလဲ..
အဆင့်အတန်းဆိုတာကို လူတွေက ဘာကိုကြည့်ပြီး
ဆုံးဖြတ်ကြတာလဲ... နေထိုင်ရပ်တည်ပုံလား..
.ပြောဆိုဆက်ဆံမှုလား...ဝတ်စားပြင်ဆင်မှုလား...
စိတ်ဓာတ်လား...ထိုမေးခွန်းများနှင့် အစပြု၍.....
နေ့သစ်ရဲ့ နံနက်ခင်းအောက်မှာ သံစုံတွေနဲ့
ဝေဝေဆာဆာ ဆူညံနေတဲ့ နေရာတစ်ခု ....သူများတွေက စိတ်နဲ့ ခန္ဓာရဲ့ပင်ပန်းမှုကို ဘယ်လို
ဖြေသိမ့်သည်မသိ ...သူမကတော့ အကြိုက်ဆုံးစားစရာ စားရခြင်းဖြင့် ကျေနပ်သည်...အခုလည်း လူသူတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့
ဈေးတန်းတစ်ခုမှာ ရောက်နေသည်က ...
တစ်ညလုံးမောလာသမျှ ... သူမကြိုက်သည့်
စားစရာကို အားပါးတရစားခြင်းဖြင့် ဖြေသိမ့်ဖို့ ....သူမနှင့်အတူ ပါလာသည်က သူမနှင့်ဝါသနာတူ
သူငယ်ချင်း...ကားရပ်လို့ ရတဲ့ နေရာတစ်ခုမှာ
ကားကိုရပ်ပြီး ဈေးဖက်သို့ ကူးလာမဲ့ ခြေလှမ်းတွေက
ပရမ်းပတာဆုတ်လိုက်သော ကားတစ်စီးနှင့်
ထိုကားရဲ့နောက်မြီးမှာ ချိနှဲ့နှဲ့ အရိပ်တစ်ခု
ကြောင့်....." ဟာ..ဟိတ် ...ရပ်လိုက် .."
"ကျွီးးးး.."
" ဒုတ်..."
"အားး."
ကားက ရပ်သွားပါသည် ...သူမအသံကြောင့်
မဟုတ်ပါ ..." အမလေး ..ကားတိုက်ပြီးတော့်."
" အို.ဘုရား..."
" ဟာ..တိုက်မိသွားပြီး..."
အာမေဋိတ်သံတွေ ဆူညံသွားပြီး လူတွေက
အလန့်တကြားရော စိတ်ဝင်စားမှုပါရော၍ ထိုအနားမှာ အုံဖွဲ့သွားသည်...သူမ လူအုပ်ကြားထဲ ခြေလှမ်းကျဲကြီးဖြင့်
ထိုးထွင်းဝင်ရောက်လာကာ.." ဟာ..."
သူမ ထိတ်ခနဲ မျက်လုံးကျယ်သွားသည်

أنت تقرأ
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
أدب الهواةအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...