အတိဿရနှလုံးသား 25

2.7K 112 2
                                    


*** အတိဿရနှလုံးသား ( တရားဝင်​ဇနီး 2 ) ***

             # အပိုင်း ၂၅   ¥

အလန့်​တကြားအော်​သံနောက်​မှာ အသံဗလံတွေ
စုံသွားပြီး ထပ်​မံပေါ်လာတဲ့ ထိတ်​လန့်​ကြောက်​ရွှံ့
သံ....

တိုက်​ ဘယ်​လို ခြေလှမ်းနှင့်​ ရောက်​လာခဲ့မှန်းမသိ

"ဟာ .. ခြွေ ...အဟွတ်​ ...
မင်း ဟိုဘက်​ထွက်​လိုက်​.."

သူပြောပေမဲ့ ထိတ်​ထိတ်​လန့်​လန့်​နှင့်​ မှင်​သက်
ရပ်​နေတဲ့သူမကြောင့်​ ..

" အ ..အား..."

သူမကို အပြင်​ တွန်းပစ်​ပြီး မီးခိုးတွေအူထွက်​နေတဲ့
ကြားထဲက ဂက်​အိုးကို အရင်​ပိတ်​လိုက်​သည်​....

အခြေအနေ အားလုံးရှင်းသွား၍
ကြည့်​လိုက်​တော့ ဒယ်​အိုးထဲမှာ မဲခြစ်​နေတဲ့
ကြက်​ဥခွံလေးတွေ ...

" အို ...ဘုရား ဘုရား ..ဘာတွေ ဖြစ်​နေတာလဲ ..."

အော်​သံတွေကြောင့်​ ဒေါ်ရတနာတို့ အုပ်​စုလဲ
ရောက်​လာခဲ့သည်​....

ခြွေ က တိုက်​ တွန်းပစ်​ထားတဲ့ အတိုင်း
ငုတ်​တုတ်​လေးထိုင်​ကျနေဆဲမှ ..မျက်​လုံးပြူးလေးနှင့်​ ...တဆတ်​ဆတ်​တုန်​ယင်​နေလို့ ..

" တောက်​...သူက ဘာလို့ မီးဖိုချောင်​ထဲမှာ
တစ်​ယောက်​ထဲ ရှိနေရတာလဲ ကြီးဆင့်​ ...မိလုံး
မိထွေး နင်​တို့က ဘယ်​ခွေးတိုးပေါက်​မှာ သွားတိုးနေတာလဲ ဟမ်​.တောက်​..
ရိုက်​သတ်​လို့မကုန်​အောင်​ ...များတဲ့ လူတွေက .
.သူ့ အနားမှာ ဘာလို့ တစ်​ယောက်​မှ မရှိကြတာလဲ ..ပြောကြစမ်းပါအုံး...."

ပေါက်​ကွဲသံကြီးနှင့်​ မေးနေတဲ့ တိုက်​ကို
ဘယ်​သူမှ မဖြေရဲ...

ဘယ်​လို ဖြေရမှာလဲ  ...

မိထွေး နဲ့ မိလုံးက မျက်​နှာငယ်​လေးနှင့်​ ဗလနဲ့ ဦးတိုးက အပြစ်​မရှိပေမဲ့ ခေါင်းတွေ ငုံ့ကျသွား၏

ကိုကိုလေးဒေါသက ယုံရတာမဟုတ်​ ...

ဘယ်​လောက်​ထိ ဒေါသထွက်​နေမှန်းမသိ
မေးကျောတွေထောင်​တက်​သွားအောင်
မျက်​နှာက တင်းမာ ခက်​ထန်​နေ၏

အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete Where stories live. Discover now