*** အတိဿရ နှလုံးသား ( တရားဝင် ဇနီး 2 )***# အပိုင်း ၂ #
ဒေါက်တာ စိမ်း က ဒေါ်ရတနာဖြစ်နေပုံကြောင့်
ခြွေ့ကို အားနာလာကာ ..." အန်တီလေး ...အန်တီလေး သတိထားလေ ..
ဒီက ဒေါက်တာ နတ်ခြွေပန်းက အန်တီလေးကို
ဆေးရုံ တင်ပြီး ကိုယ်တိုင် ကုသပေးခဲ့တဲ့ သူပါ..
အန်တီလေးရယ်..""ဘာ ...ဘယ်လို ..."
ဒေါ်ရတနာ ဆတ်ခနဲ ထထိုင်လိုက်ပြီး စိမ်း ကို
ကြည့်သည်" ဟုတ်ပါတယ် အန်တီလေး ရယ် ..သူက နှလုံးအထူးကုဆရာဝန်
ဒေါက်တာ နတ်ခြွေပန်းပါ ..
.ဒေါက်တာ နတ်ခြွေပန်းက အန်တီလေးကို
ကူညီလိုက်တာရှင်""မဟုတ်ဘူး ..."
"ရှင် ..."
စိမ်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်...
တိုက် ကတော့ သူ့မာမီနှင့် နတ်ခြွေပန်း ဘယ်လို
ဆက်နွယ်သွားတာလဲဟု ..စူးစမ်းမျက်ဝန်းနှင့်မာမီ ဒီလောက် ခါးသီးနေပုံထောက်ရင်
ကောင်းသော ဆက်နွယ်ခြင်းတော့ မဖြစ်နိုင်..ဒေါ်ရတနာက ခြွေ့ကို စူးစူးစိမ်းစိမ်းနှင့်
ကြည့်လာသည်နှလုံးအထူးကု ဆရာဝန်
ဒေါက်တာ နတ်ခြွေပန်း တဲ့ ...ဆရာဝန်ပေါ့ ....
ဒါဟာ ဆရာဝန်တစ်ယောက်ရဲ့ ပုံစံတဲ့လား..
ဆံပင်က ညာဖက်ကနေ တစောင်းလေး
နှိမ့်ဆင်းသွားပြီး မညီမညာလို ဖြစ်နေပုံက
ဘယ်လိုပုံစံမှန်းမသိ ... ဖြူနုဝင်းမွှတ်နေတဲ့
မျက်နှာကနှာတံကော့ကော့ မျက်ခုံးထင်းထင်းလေး
နှင့် လှသည်... တစ်ယောက်ယောက်နှင့်
ဆင်သလိုပေမဲ့ကိုယ့်မျက်စိထဲမှာတော့
ဒီမိန်းကလေးဟာနက်ဂတစ်...အရပ်မနိမ့်မမြင့်မှာ ..ဘောင်းဘီရှည်နက်နှင့်
အဖြူရောင်တီရှပ် ဝတ်ထားသည်...ခါးတိုလက်ရှည်
ဂျင်းဂျာကင်တစ်ထည်ကို ထပ်ဝတ်ထားသော
သူမက ရုတ်တရက်ကြည့်ရင် မိန်းမတစ်ယောက်နှင့်မတူဘဲ
ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်နှင့် တူနေသေး၏
![](https://img.wattpad.com/cover/186035295-288-k440394.jpg)
ESTÁS LEYENDO
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanficအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...