အတိဿရနှလုံးသား 9

1.9K 109 0
                                    


*** အတိဿရနှလုံးသား ( တရားဝင်​ဇနီး 2 )***

             # အပိုင်း ၉  #

သင်္ကြန်​ နှစ်​ဆန်းတစ်​ရက်​နေ့မှာတော့ တိုက်​မာမီက
သူမ၏ မိတ်​ဆွေ တချို့နှင့်​ ဘိုးဘွားရိပ်​သာ တစ်​ခုခု သို့မဟုတ်​ မိဘမဲ့ဂေဟာတစ်​ခုခုမှာ ဌာနအတွက်
လိုအပ်​သည်​များကို ဖြည့်​ဆည်းနိုင်​အောင်​ ငွေ နှင့်​ စတုဒီသာအလှူဒါနကိုနှစ်​တိုင်းပြုနေကျအတိုင်း
ဒီနှစ်​တော့ ဘိုးဘွားရိပ်​သာတစ်​ခုကို ရွေးချယ်​လိုက်​သည်​...

တိုက်​ က မာမီ့ကို လိုက်​ပို့ဖို့ တာဝန်​ယူတော့ မာမီက
ဝမ်းသာကြည်​နူးသွားသလို စိမ်းက တအံ့တသြဖြစ်​ရ
သည်​...

ခါတိုင်းနှစ်​က စိမ်းဘဲ အန်​တီလေးနဲ့ သွားနေကျမ
ဟုတ်​လား ...

ဒီနှစ်​တော့ ကိုယ်​တော်​ချောက ဘာစိတ်​ကူးပေါက်​နေသည်​  ...မသိ ...

ဒေါ်ရတနာက လွတ်​လွတ်​လပ်​လပ်​လေး
ထိုင်​ရအောင်​ ကားနောက်​ခန်းမှာဘဲ နေရာယူလိုက်
၍ စိမ်းက တိုက်​ ဘေးမှာ နေရာယူလိုက်​သည်​...

"ဒီနှစ်​ မာမီ့သားပါတော့ မာမီ စိတ်​ချမ်းသာလိုက်​တာ
သားရယ်​ ..."

"ဟာဗျာ ...မာမီကလည်း ကျွန်​တော်​ အရင်​က မာမီ
ဘယ်​သွားသွားမပါခဲ့တာကို အစပြန်​ဖော်​ချင်​လို့တော့
မဟုတ်​ပါဘူး နော်​.."

"အဟင်း ဟင်း ...မဟုတ်​ရပါဘူးရှင်​ ..."

"မဟုတ်​ဘူးဘဲ ပြောနေတာ မောင်​လေးရေ ...
အန်​တီလေးက အရင်​နှစ်​တွေများဆို မကြည်​မကြည်​လေးနဲ့သိလား  ..."

"အယ်​ကွယ်​..စိမ်းက အန်​တီလေးကို ဖဲ့နေတာလားဟင်​ ...ဟင်းး ...စိမ်းနော်​ ..."

"အဟင်း ဟင်း ...မဟုတ်​လို့လား အန်​တီလေးက.."

"ဒါကတော့ ...အန်​တီလေး မိတ်​ဆွေတွေက
တချို့ဆို သားသမီးတွေနဲ့ သွားတော့ ...အန်​တီလေးကလဲ သား နဲ့ သမီးနဲ့ကို သွားချင်​တာပေါ့...''

"ဟာ ..ကြည့်​စမ်း.. ပေါ်ပြီး ..."

"အဟင်း ..အင်း ..ဒီ ဒီနှစ်​ ကိုယ်​က မျက်​နှာ မငယ်​ရတော့ဘူးဆိုတော့ ပီတိဖြစ်​နေရတာ ...ပြီးတော့.."

အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete Donde viven las historias. Descúbrelo ahora