*** အတိဿရနှလုံးသား ( တရားဝင်ဇနီး 2 ) ***# အပိုင်း ၂၄ #
လုံးဝ ပိတ်ထားခဲ့သော အခန်းတခါးကို သူဖွင့်လိုက်ပြီး
ချက်ချင်း မဝင်သေးဘဲ မျက်ခုံးတွေ တွန့်ချိုးသွားသည်ဒီအခန်းထဲ သူ မနေခဲ့တာ လွန်ခဲ့သော သုံးနှစ်ကျော်ကတည်းက
သူတခါတလေ အခန်းထဲ ဝင်ခဲ့ပေမဲ့
စတိုခန်းထဲမှာသာ အချိန်ကုန်ပြီး ပြန်ထွက်ခဲ့သည်အိပ်ရာလေးကို လက်လေးနဲ့ ဖွဖွထိကိုင်ရုံမှ လွှဲ၍
ထို အိပ်ရာပေါ်မှာ ထိုင်ဖို့ အိပ်ဖို့တောင် မပြုခဲ့တာကဘာတစ်ခုမှ မပြောင်းလဲစေချင်၍ ဖြစ်၏ ....အခု သူတခါးရှေ့မှာ ရပ်နေတာနဲ့တင် ဘာကြောင့်
ဒီအခန်းထဲကို မကြာခင်ကမှ ရောက်လာတယ်လို့
ခံစားမိတာလဲ ....
ခံစားမိခြင်းနှင့်အတူ သူ့ရင်ခုန်သံတွေ နွေးထွေးပြီး
ရင်ထဲမှာ ဆွတ်ပျံ့ပျံ့ ဖြစ်နေသလို ...သေချာတာက ဒီလို ခံစားမှုမျိုး တခါမှ မခံစားခဲ့ရဖူးပါ
ပန်းကလေးကို တဖက်သတ်ချစ်ခဲ့မိတဲ့ သက်တမ်း
တလျှောက်မှာ အဖြေတစ်ခုက ကြိုတင် ရှိပြီးသားမို့
မမျှော်လင့်လို့များလားမသိ ... တချိန်လုံး ပေါ့ပါး
ပျော်ရွှင်မှုတွေဘဲ သူ ခံစားလာခဲ့ရသည်...ပန်းကလေးကို ဖြည့်ဆည်းပေးရခြင်းဖြင့် သူ့အတွက်
အရာရာ ပြည့်စုံသည်ဟု ခံစားနေခဲ့ရတာ သူမနဲ့မှ
အချစ်ကို နားလည်ခံစားတတ်သွားတဲ့ ..အချစ်ဦးမို့
သူမတူအောင် ချစ်ခဲ့လို့ ထင်၏...အခန်းတခါးကို သူဖွင့်လိုက်ပြီး တလှမ်းချင်းဝင်လာခဲ့
သည်....ခြေတလှမ်းလှမ်းလိုက်တိုင်း ရင်ခုန်သံက
ပုံမှန်မဟုတ်တော့တာ သေချာ၏ထူးဆန်းတဲ့ ခံစားမှုက လူကို နွေးထွေးသွားလိုက်
ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားစေလိုက်နှင့် ...မဖြစ်ဖူးတဲ့ ခံစားမှုနဲ့ သူ ဘာဖြစ်နေတာလဲ ..
နားမလည်တဲ့ ...ခြေလှမ်းတွေက ...
YOU ARE READING
အတိဿရနှလုံးသား (တရားဝင်ဇနီး 2) Z@U Normal Complete
Fanfictionအတိဿရဆိုတာ ကြားဖူးတဲ့ရှေးတုန်းကဇာတ်လမ်းထဲမှာ သူရသတ္တိရှိတဲ့သူအချစ်နဲ့သစ္စာကြီးတဲ့သူရဲရင့်သူ တဲ့ နောက်တစ်ခုကကြတော့အတိဿရဆိုတာ အရာအားလုံးကို သူများနဲ့မတူစွာ ဘယ်အရာကိုပဲဖစ်ဖြစ်လေးနက်စွာနဲ့ဥပက္ခာပြုထားနိုင်တာ တစ်နည်းပြောရရင်ဥပက္ခာထက်ကိုပိုလေးနက်တယ် Onli...