*********
ကျတော်က မန္တလေးတိုင်းထဲမှာရှိတဲ့ နယ်မြို့လေးတစ်မြို့ကပါ။ ခုလက်ရှိကတော့ မန်းလေးအဆောင်တစ်ဆောင်မှာနေရင်း သင်တန်းတွေတက်နေပါတယ်။ တက္ကသိုလ် လား ... မပြီးသေးဘူးခင်ဗျ။ အဝေးသင်နောက်ဆုံးနှစ်တော့ ရောက်လို့နေပါပြီ။
ကျတော့် နာမည် ?
သြော်ပြောဖို့မေ့နေလို့.... ကျတော့်နာမည်က လက်ရာကျော် ပါ။ ဟုတ်ကဲ့ ကျတော်ရုပ်နဲ့လိုက်အောင် အမေနဲ့အဖေက သေချာရွေးချယ်ပေးထားတာ ထင်ပါတယ်။ ဘာကြောင့်ဆို ယောကျာ်းလေးတစ်ယောက်ဖြစ်ပါလျက် မိန်းကလေးလားထင်ရအောင် မွေးထားကြလို့ပါ။နောက်ပြီး ထူထူထဲထဲ မျက်မှန်တစ်လက်ကလည်း ကျတော့်အတွက်မဖြစ်မနေလိုအပ်ပါသေးတယ်။ ဒါကြောင့် ထူးကဲပြီးလက်ရာပြောင်မြောက်တယ်လို့ ထင်ပါတယ်။ကျတော့်အသက်က နှစ်ဆယ်ရှိပါပြီ။ ဒါပေမယ့် ခုထိတော့ အသုံးဝင်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဘာကြောင့်ဆို ကျတော်က အမြဲတမ်း ကျတော့် Idol တွေ ကိုရီးယားရုပ်ရှင်တွေ သာမက ထိုင်း တရုတ် ဖိလစ်ပိုင် အိန္ဒယ အစအစသော နိုင်ငံပေါင်းစုံက ရုပ်ရှင်တွေနဲ့အချိန်ကုန်လေ့ရှိသူမို့ပါ။
ခုနေတဲ့ အဆောင်မှာကျတော်နေတာ တစ်နှစ်တော့ ကျော်ပါပြီ။ အဆောင်က အရမ်းသပ်ရပ်ပြီး စည်းစနစ်ရှိပါတယ်။ အထပ်ကလည်းသုံးထပ်ရှိပါတယ်။ တစ်နှစ်ကျော်ရှိပေမယ့် အခြားအဆောင်သားတွေနဲ့ မရင်းနှီးပါဘူး။ အဟမ်း... အမှန်ပြောရရင် ဘေးခန်းကလူနဲ့တောင် မရင်းနှီးပါဘူး။ ကျတော့်မှာတော့ အခန်းဖော်တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် အဲ့အကိုက အမြဲအလုပ်ရှုပ်နေတာဗျ။ အလုပ်ပြန်လာချိန်ကလည်း နောက်ကျတက်သေးတာ။ အာ့ကြောင့် အခန်းထဲမှာ အမြဲတမ်း ကျတော်တစ်ယောက်ထဲပါ။ အာ.... ရင်းနှီးတဲ့သူတစ်ယောက်တော့ရှိပါတယ်။အဲ့ဒါကလည်း သင်တန်းတူလို့ပါ။ ဒါပေမယ့် တက်တဲ့အတန်းချင်းမတူတော့ အရမ်းကြီးရင်းနှီးနေတာတော့ မဟုတ်ဘူးပေါ့ဗျာ။
YOU ARE READING
Love You (Zawgyi+ Unicode)
FantasyStraight လို့ထင်ခဲ့ပေမယ့် ကွေးနေတဲ့ Seme ကြီးနဲ့ K-popper Uke လေးတို့ရဲ့ ဇာတ်လမ်းကလေး . . ### ဒါကပေါ့ပေါ့ပါးပါးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်နော်