10

2.6K 237 2
                                    

*********

ကျ​တော်​ဒီရက်​ပိုင်း အကျင့်​​တွေ ​တော်​​တော်​ပျက်​​နေတာပါ။ ကိုယ့်​အခန်းကိုမ​နေဘဲ ကိုစစ်​မှူးတို့အခန်းမှာဘဲ ​သောင်​တင်​​နေတက်​ပါတယ်။ ကျ​တော့်​အကို ကိုထက်​ကလည်း အပြင်​ဘဲအမြဲထွက်​​နေတာ​ကြောင့်​ ကိုစစ်​မှူးနဲ့အမြဲ​နေဖြစ်​ပါတယ်​။ ကိုစစ်​မှူးက ကိုယ်​ပိုင်​အလုပ်​ဆို​တော့ သူအမြဲသွားစရာမလိုပါဘူး။ သူ့သူငယ်​ချင်းနဲ့ဖက်​စပ်​ဖြစ်​တာ​ကြောင့်​ မသွားဘဲ​နေရင်​​တောင်​ရပါတယ်​။

ကိုစစ်​မှူးက ကွန်​ပျူတာ​ရှေ့မှာထိုင်​​နေချိန်​ ကျ​တော်​က သူ့​ဘေးကအိပ်​ယာ​ပေါ်လှဲပြီး စာဖတ်​​နေလိုက်​ပါတယ်​။ ခဏ​နေ​တော့ ကိုစစ်​မှူးကထသွားပြီး ​ရေခွက်​နဲ့ လက်​ဝါး​လေးဖြန့်​ပြီး​ကျ​တော့်​နား ​ရောက်​လာပါတယ်​။

"ထ ဒါ​သောက်​"

"ဘာကြီးလဲ"

"အစာ​ကြေ​ဆေး"

"မ​သောက်​ချင်​ဘူး"

ကျ​တော်​ ဂျစ်​တစ်​တစ်​လုပ်​​နေလိုက်​ပါတယ်​။ ဒီလိုစား​တာ ကျ​တော့်​အတွက်​ရိုး​နေပြီဟာကို မလိုတာ​တွေမလုပ်​ချင်​ဘူးဗျ။

"ဘာလို့ မ​သောက်​ချင်​ရတာလဲ အများကြီးစားထားတာ​လေ ပြီး​တော့ကိုယ်​လက်​လှုပ်​ရှားမှုလည်းမရှိဘူး ​သောက်​"

"​သောက်​လိုက်​ရင်​ ခဏနဲ့ပြန်​ဆာ​နေမှာ​ပေါ့"

"ဆာ​တော့ ထက်​စား​လေ ထ​သောက်​ ကိုယ့်​ကိုဂျစ်​မ​နေနဲ့ကွာ"

"ည​နေကျရင်​ ကိုကြီးံက​မုန့်​ဝယ်​လာမှာ ထက်​စားလိုက်​ရင်​ ကိုကြီးံဝယ်​လာတဲ့မုန့်​မစားနိုင်​​တော့ဘဲ ​နေမှာ​ပေါ့"

သူက မျက်​​မှောင်​ကြီးကျုံ့လို့ သွားတာ မြင်​လိုက်​ပါတယ်​။ ကျ​တော်​က ကျ​တော့်​ကိုစိတ်​ခုသွားတာ မလိုချင်​တာမို့

"​ပေးဗျာ ​ပေး​ပေး အဲ့လို​တွေ​ကြောင့်​ အကိုရည်းစားမရတာ"

ဟုတ်​တယ်​​လေ။ ဒီ​လောက်​ မလုပ်​ချင်​တာအတင်းလုပ်​ခိုင်း​နေတာ ဘယ်​သူကကြိုက်​မှာလဲ။

Love You (Zawgyi+ Unicode)Where stories live. Discover now