*********
"ကလေး ဒီကိုခဏ"
ဟုတ်ကဲ့ အခေါ်ခံလိုက်ရတာက ကျတော်ပါ။ ခေါ်သူကတော့ ကိုစစ်မှူးပါ။ သူကျတော့်ထက် လေးနှစ်ဘဲကြီးတာကို အသက်အတော်ကြီးကြီးစတိုင်ဖမ်းလို့။ ဒီရက်တွေအတွင်း အဲ့ 'ကလေး' ဆိုတဲ့ အခေါ်အဝေါ်ကို သူတော်တော်သဘောကျနေတယ်ထင်ရဲ့။ ခဏခဏခေါ်နေတော့တာဘဲ။
ကျတော်ရောက်သွားတော့ သူက
"ဒီစာလုံးကိုသိလား"
"ဘယ်စာလုံးလဲ"
"ဒီ Kanji ကို မသိလို့"
သူညွှန်ပြလာတဲ့စကားလုံးကို သေချာကြည့်လိုက်ပါတယ်။
"ဩော်... အဲ့ဒါ Kenzai လေ"
"Thank"
ပြောရင်း သူကအဲ့စာလုံးကို ခဲတံနဲ့မှတ်လိုက်ပါတယ်။
"ကိုစစ်မှူးက လက်ရေးတော်တော်လှတယ်နော်"
"ဟုတ်လား"သူက ပြုံးပြီးမော့ကြည့်လာပါတယ်။ ကျတော် ခေါင်းညိမ့်ပြပြီး
"ဟုတ်တယ် ကျတော်ဆို သင်နေတာ ၂နှစ် ရှိပြီ လက်ရေးက ကိုစစ်မှူးလောက်တောင် မလှဘူး"
အဲ့လိုပြောတော့ သူကရယ်ပြီး ကျတော်ခေါင်းကို လှမ်းဖွလိုက်ပါတယ်။ ကျတော်အမြန်ရှောင်တိမ်းရင်း
"အာ မလုပ်နဲ့မလုပ်နဲ့ ပုံသွင်းထားတာလေး ပျက်ကုန်မယ်"
ကိုစစ်မှူးက ဂရုမစိုက်ဘဲ လိုက်ဖွနေပါတယ်။ ကျတော်ကလည်း ပတ်ပြေးနေပါတယ်။
"ဟား ဟား တကယ်ကိုအလှကြိုက်တာဘဲ"
သူ့စကားကြောင့် ကျတော် နှုတ်ခမ်းဆူလိုက်ပြီး
"လူပါဆို အလှကြိုက်တာပေါ့"
"ကိုယ်ဖြင့်မကြိုက်ပါဘူး"
"ယုံနေပါမယ်နော်"
"တကယ်ပြောတာ ကိုယ်မကြိုက်ဘူး"
ကျတော် ကိုစစ်မှူးကိုကြည့်ပြီး ခေါင်းသာရမ်းနေလိုက်ပါတယ်။ အဲ့ဒါကို ကိုစစ်မှူးက သေချာကြည့်နေရင်း ကျတော့်ဘေးရောက်လာကာ ကျတော့်မျက်နှာကို သူ့လက်ဝါးနှစ်ဖက်နဲ့ ညှပ်ကိုင်လိုက်ပါတယ်။ နောက်ပြီး လှုပ်ရမ်းလိုက်ရင်း
YOU ARE READING
Love You (Zawgyi+ Unicode)
FantasyStraight လို့ထင်ခဲ့ပေမယ့် ကွေးနေတဲ့ Seme ကြီးနဲ့ K-popper Uke လေးတို့ရဲ့ ဇာတ်လမ်းကလေး . . ### ဒါကပေါ့ပေါ့ပါးပါးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်နော်