*********
"ပြည်ကြီးငါးနဲ့ ပုဇွန်ပေးပါဦး"
"ငါ့အတွက်ရော မှာလိုက်"
ဝန်ထမ်းမလေးက ခေါင်းလေးညိမ့်ပြီး သွားယူနေပါတယ်။
"ပြည်ကြီးငါးနဲ့ ပုဇွန်တွေကျတော့ ထည့်မထားပေးဘူးနော်"
"အဲ့ဒါတွေသာ ချထားရင် မွဲသွားမှာပေါ့"
ကျတော့်စကားကြောင့် ကိုစစ်မှူးက ခေါင်းညိမ့်ထောက်ခံလိုက်ကာ
"လက်ရာက ပုဇွန်ကြိုက်တယ်လား"
"အကြိုက်ဆုံးအစားအစာဘဲ"
"အာ...ဒါဆို အတော်ဘဲ"
သူကပြောပြီး သူ့အိုးထဲကဘပုဇွန်သုံးကောင် ဆယ်ပြီး ကျတော်ဆီကမ်းပေးလာပါတယ်။
"ဘာလုပ်ရမှာလဲ"
"အကို့ကိုယ်စား စားပေးလေ အကိုကသိပ်မကြိုက်ဘူး"
ကျတော့်ကို ပြုံးပြရင်းဆိုလာပါတယ်။ ကျတော်လည်း ဝမ်းသားအားရ ယူလိုက်ပါတော့တယ်။
"ညီမလဲ ပုဇွန်ကြိုက်တယ်"
ဝတီဆီက အသံထွက်လာတော့
"အများကြီး မစားချင်နဲ့ အဲ့ဒါသွင်သွင်နဲ့သိပ်မတည့်ဘူး"
"တည့်ပါတယ်"
"မတည့်ဘူး"
ကိုစစ်မှူးက ဝတီကိုပြူးကြည့်ပြီးပြောနေတာက ကြိမ်းမောင်းနေသလိုပါဘဲ။ ဇွတ်ကြီးကို မတည့်ခိုင်းနေတာနဲ့ တူတယ်ဗျ။ ဒါပေမယ့် အဲ့ဒါကျတော့် အထင်ပါလေ။ကျတော့်အတွက် အရှုံးမရှိပါဘူး သူနဲ့မတည့်တော့ ကျတော်များများစားရတာပေါ့ဟား..ဟား။
ပုဇွန်နဲ့ပြည်ကြီးငါး ပန်းကန် လာတော့ လက်နှေးမနေဘဲ အိုးထဲတန်းထည့်လိုက်တယ်။
"လက်အိတ်ယူလာ ပေးဦးနော်"
ဝန်ထမ်းကောင်မလေးဆီ မှာလိုက်တာက ကိုစစ်မှူးပါ။ လက်အိတ်လိုတာက ကျတော်နဲ့ဝတီ။
ESTÁS LEYENDO
Love You (Zawgyi+ Unicode)
FantasíaStraight လို့ထင်ခဲ့ပေမယ့် ကွေးနေတဲ့ Seme ကြီးနဲ့ K-popper Uke လေးတို့ရဲ့ ဇာတ်လမ်းကလေး . . ### ဒါကပေါ့ပေါ့ပါးပါးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်နော်