4

2.9K 268 8
                                    

*********

ထင်​တဲ့အတိုင်းပါဘဲ အ​မေက​ ပြန်​​ခေါ်ပါတယ်​။ ​နောက်​ဆက်​တွဲ​ပြောဖြစ်​ကြတာက​တော့ ကျ​တော်​အိမ်​ကို မုန့်​ဖို့းမှာတာပါ။ အ​မေက​တော့ ​ကောင်း​ကောင်းမွန်​မွန်​​နေရန်​မှာပြီး ကိုထက်​​ခေါ်တိုင်း​လျှောက်​မလိုက်​ဖို့မှာပါတယ်​။ အဲ့ဒါက​တော့ ကျ​တော်​ ပထမနှစ်​တုန်းကလိုဖြစ်​မှာဆိုးကြလို့ပါ။ ပထမနှစ်​တုန်းက ကိုထက်​သူ့​ကောင်​မ​လေးနဲ့သွား​တွေ့တုန်းက ဘုမသိဘမသိလိုက်​သွားရတယ်​။ ​နောက်​ပြီး ကိုထက်​ကကျ​တော်​ကိုပစ်​ထားခဲ့ပြီး ဘယ်​သွား​ပျော်​​မွေ့တာလဲ မသိပါဘူး​ဗျာ။ ကျ​တော်​ကတစ်​​ယောက်​ထဲငုတ်​တုတ်​ထိုင်​​နေခဲ့ရတာ အကြာကြီး။ ​နောက်​​တော့အိမ်​ကဖုန်းဆက်​ပြီး ​ဘယ်​မှာလဲ​မေးရင်းက​နေ ကျ​တော်​ကမညာတက်​​တော့ အကုန်​​ပေါ်တာ​ပေါ့ ။ အိမ်​ကစိတ်​ပူပြီး မန်း​လေးကအ​ဒေါ်အမြန်​လာ​ခေါ်လို့ ပြန်​​ရောက်​သွားတာ​လေ။

ကျ​တော်​လည်း အ​မေ​ကျေနပ်​​အောင်​ ကတိ​ပေးပြီး ဖုန်းချလိုက်​ရတယ်​။

အခန်းထဲပြန်​​ရောက်​​တော အခန်း​ဖော်​အကိုက ပြန်​​ရောက်​​နေပြီ။ ကျ​တော်​ အိပ်​ယာ​ပေါ်လှဲပြီး internet ဖွင့်​လိုက်​တယ်​။ Wp မှာ ဘာ​တွေများ update တက်​မလဲလို့စစ်​ကြည့်​ဖို့ဝင်​လိုက်​တယ်​။ ဝိုး...ကျ​တော်​​မျှော်​​နေတာ​လေး​တွေ up သားဘဲ။ line ပြန်​ပိတ်​မယ့်​ချိန်

:ဟဲ့ vote ​ပေးစမ်း:

ဟုတ်​ကဲ့ ဝင်​လာတာက​တော့ ဝတီဆီကပါ link တစ်​ခုနဲ့အတူ အမိန့်​​ပေးလာတာပါ။

:နင်​​သေ​တောင်​မရဘူး ချီးဘဲ:

:အရိုင်းအစိုင်း​ကောင်​ ​ကောင်း​ကောင်း​ပြောစမ်း:

အ​တော်​အကြာ​လေ​ပေါဖြစ်​​နေကြပါတယ်​။ ​ပြောဖြစ်​တာ​တွေက​တော့ ထုံးစံအတိုင်း တန်​ဖိုးကြီးကြီးမားမားတွေပါဘဲ။ ဟို Fic ထဲက Seme ကြီး က Uke ​လေးကိုစား​တော့မယ်​တို့ ဒီ fic ထဲက ဘယ်​သူက ဘယ်​လိုချစ်​စရာ​ကောင်းတာတို့်ပါ။

: နင့်​ကို​ပြောစရာရှိတယ်​:

:​ပြော:

:နင့်​ကိုငါ အမျိုး​တော်​ချင်​လို့:

Love You (Zawgyi+ Unicode)Where stories live. Discover now