*********
ကိုထက်အခန်းကပြန်လာပြီး ကျတော်စာလုပ်နေလိုက်တယ်။ ဒီနေ့လုပ်စရာက အရမ်းများတော့ fic ဖတ်ချင်တာတောင် ထိမ်းချုပ်ထားရတယ်။ ဒါပေမယ့် ကျတော်က ဖုန်းနဲ့ဝေးရင်မနေတက်တာမို့ စာလုပ်ရင်း Banana fish ကိုဖွင့်ထားလိုက်တယ်။ Ash နဲ့ Eiji တွေ့တဲ့နေရာဆို မျက်လုံးဝေ့ဝေ့ကြည့်လိုက်အခြားနေရာဆို စာပြန်ရေးလိုက်လုပ်နေတယ်။ ပါးပါးနဲ့ Ash တွေ့တဲ့နေရာလည်း စိတ်ဝင်စားသေးတာဘဲ။
ကိုယ့်အရှိန်နဲ့ကိုယ်လိမ့်နေတာ အကောင်း။ ဘေးအခန်းကေ-ာက်ကောင်နှစ်ကောင်စကားသာ မကြားရင် အတော်အေးချမ်းလှပတဲ့အချိန်ဘဲ။ သူတို့ပြောနေကြတာများ ကျတော့် Idol တွေကိုမှိုချိုးမျှစ်ချိုးဗျ။ လူတွေများအတော်ခက်သားလား။ မကြိုက်ရင်မကြည့်နဲ့ မမြင်ချင်ရင်ကျော်သွားလေ။ ခုတော့ ကိုယ်မကြိုက်တာနဲ့ဘဲ အဲ့လိုတွေပြောနေစရာလိုသလား။
ကျတော်ဒေါသဖြစ်လွန်းလို့ ခန္ဓာကိုယ်ပါ တဆက်ဆက်တုန်နေပြီ။ အဆောင်မှာလည်း ရန်မဖြစ်ရစည်းမျဉ်းရှိတယ်။ ကျတော်ရန်လည်းတစ်ခါမှမဖြစ်ဖူးတော့ ကိုယ့်ကိုကိုယ်ထိမ်းနေရတယ်။ သူတို့ကပြောနေတာမရပ်ဘူးဗျာ။ ဆက်သာထိုင်နေရင် တကယ့်ကိုပွဲကြီးပွဲကောင်းဖြစ်တော့မှာမို့ ကျတော် အခန်းထဲကထွက်ခဲ့လိုက်တယ်။ အခန်းတံခါးကို အုန်းခနဲမြည်အောင်ပိတ်လိုက်တော့ အဲ့နှစ်ကောင်အသံခဏတော့တိတ်သွားတယ်။ ကျတော် ကိုထက်အခန်းဆီတက်ခဲ့လိုက်တယ်။ မသိဘူး ကျတော်ငိုချင်နေတာ။ ရင်ထဲမှာတစ်စို့ကြီးကိုဖြစ်နေတာ။ ကျတော့် idol တွေကိုမကာကွယ်နိုင်လို့လား ဒါမှမဟုတ် ကျတော်က ကာကွယ်ပေးဖို့ပျော့ညံ့နေလို့ မခံမရပ်နိုင်ဖြစ်တာလားတော့မသဲကွဲဘူး။ ငိုချင်တာတော့တကယ်ဘဲ။ ပြောကြဦး ယောကျာ်းလေးဖြစ်ပြီး ဒါလေးနဲ့ငိုစရာလား ပျော့ညံ့လိုက်တာ အခြောက်လိုဘဲလို့။ မသိဘူး ကိုယ်ခံစားရတာ ကိုယ်ဘဲသိတယ်။
YOU ARE READING
Love You (Zawgyi+ Unicode)
FantasyStraight လို့ထင်ခဲ့ပေမယ့် ကွေးနေတဲ့ Seme ကြီးနဲ့ K-popper Uke လေးတို့ရဲ့ ဇာတ်လမ်းကလေး . . ### ဒါကပေါ့ပေါ့ပါးပါးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်နော်