13

2.4K 236 7
                                    

*********

"ကျ​  ကျ​​တော့်​ လက်​​တွေနာ​နေပြီ"

ငိုမဲ့မဲ့အသံ​လေးနဲ့ သူ့လက်​​ကောက်​ဝတ်​​လေးကို လှည့်​ယူရင်း​ပြောလာတဲ့ အသံကြားမှသာ ကျ​တော်​အသိပြန်​ဝင်​လာတာပါ။ ကျ​တော်​ တကယ်​ကို မိုက်​မဲမိတာဘဲ။ က​လေး​လေးကို ကြည့်​မိ​တော့ မျက်​ရည်​​လေး​တွေ​တောင်​ ဝဲ​နေပြီ။ မငိုမိ​အောင်​ အရမ်းထိမ်းထားတာ​ကြောင့်​ သူ့နှုတ်​ခမ်း​လေး​တွေကို အတင်းဖိပိတ်​​နေတယ်​။
ကျ​နော်​ သူ့ကိုငို​အောင်​ လုပ်​မိတာလား။

ကျ​တော့်​ လက်​လွတ်​လိုက်​​တော့ သူ့လက်​​ကောက်​ဝတ်​​လေး​တွေ ရဲ​နေတာ မြင်​လိုက်​ပါတယ်​။ သူကအလျှင်​အမြန်​ တံခါးဖွင့်​ဆင်းလိုက်​တာ​ကြောင့်​ ကျ​တော်​ပါ အမြန်​ဆင်းလိုက်​ပါတယ်​။ ​နောက်​ပြီး သူ့​ရှေ့က​နေ ပိတ်​ရပ်​လိုက်​ပါတယ်​။

"ဘယ်​သွားမှာလဲ"

"......"

သူ့ဆီက အ​ဖြေပြန်​မလာပါဘူး။ သူ့လမ်း​ရှေ့ဆက်​သွားဖို့ဘဲ သူကြိုးစား​နေတာပါ။ ကျ​တော်​ သူ့ကို ပြန်​ဆွဲဖက်​လိုက်​ပြီး

"ကိုယ့်​ကို အရမ်းစိတ်​ဆိုး​နေတယ်​မဟုတ်​လား ဒါဆိုကိုယ့်​ကို ရိုက်​ပြစ်​လို့ရတယ်​ ကိုယ့်​ကိုရိုက်​ပါ"

သူက မရိုက်​ဘဲနဲ့ ကျ​တော့်​ကို ဘဲတွန်းထုတ်​ပြစ်​ပါတယ်​။

"ကျ​တော်​ပြန်​ချင်​တယ်​"

သူ့အသံ​တွေ အရမ်းတုန်​​နေတယ်​။ သူ့မျက်​ရည်​​တွေ ကျလာတာက ကျ​တော့်​ကို အရမ်းနာကျင်​​စေတယ်​။ ဒီလိုဖြစ်​​အောင်​ ကျ​တော်​လုပ်​ခဲ့တာ မှန်​​ပေမယ့်​ အရမ်းနာကျင်​တယ်​။

"ကိုယ်​ပြန်​ပို့​ပေးမယ်​ ခဏ​စောင့်​"

ကျ​တော်​သူ့ကို ​ချော့ရပါဦးမယ်​။ ခုအ​ခြေအ​နေသာ ပြန်​မယ်​ဆိုရင်​ တစ်​သက်​လုံးအမုန်းခံ​နေရပါလိမ့်​မယ်​။ ခု​တောင်​ သူကကျ​တော့်​ကို တစ်​ချက်​မကြည့်​ပါဘူး။

သူ့လက်​​လေးဆွဲပြီး အိမ်​ထဲ​ခေါ်ခဲ့လိုက်​ပါတယ်​။
"ကိုယ်တို့​ဆွေး​နွေးရ​အောင်​" ဆိုတဲ့ဆင်​​ခြေနဲ့ပါ။ ပြီး​တော့ သူ့ကိုဧည့်​ခန်းမှာ ထိုင်​ခိုင်းလိုက်​ပါတယ်​။

Love You (Zawgyi+ Unicode)Where stories live. Discover now