5

2.9K 246 9
                                    

**********

နောက်​​နေ့​တွေ ကျ​တော်​ကိုထက်​ဆီသွားပြီး ​လေ​ပေါတိုင်းအဲ့အကိုနဲ့​တွေ့ပါတယ်​။ သူကလည်း ​ချေမြဲအတိုင်း​ချေသလို ကျ​တော်​ကလည်း ခပ်​တန်းတန်းဘဲ​နေပါတယ်​။ စကားတစ်​ခွန်း​တောင်​မ​ပြော ဖူးပါဘူး။ ​နေ့တိုင်းလိုလို ဝတီနဲ့​တော့ သူ့အ​ကြောင်း​ပြောဖြစ်​ကြပါတယ်။

ဒီ​နေ့လည်း ကျ​တော်​ အတန်းမသ်ားခင် ​​​ကိုထက်​ဆီသွားဖို့ဖြစ်​လာပြန်​ပါတယ်​။ အဲ့ဒါက​တော့ ကျ​တော့်​ရဲ့ စာအုပ်​ကျန်​ခဲ့လို့ပါ။ ကိုထက်​ရှိလား မရှိလား​တော့မသိဘူးဗျ။
ကျ​တော်​အခန်းတံခါးကို​ခေါက်​လိုက်​တယ်​။ ခဏ​နေ​တော့ ထလာသံကြားရပြီးတံခါးပွင့်​လာတယ်​။ မြင်​လိုက်​ရတာက ကို စစ်​မှူးခန့်​။ မျက်​နှာကလည်း ​perferct တကယ်​ဖြစ်​တယ်​ဗျ။ မျက်​ခုံးတန်းတန်းကလည်း ​သေချာပုံ​ဖော်​ထားသလားဘဲ။ မျက်​လုံးနှာတံ နှုတ်​ခမ်း လုံးဝလုံးဝကို ပြိုင်​ဘက်​ကင်းဘဲ။ ကျ​တော်​ သူ့ကို​သေချာကြည့်​ပြီး စဉ်းစားခန်းဝင်​​နေ​တော့ သူကတံခါးကိုလက်​နဲ့ ထုကာအသံ​ပေးရတယ်​။ အဲ့​တော့မှ ကျ​တော်​ပြန်​အသိဝင်​တာဗျ။ သူက ကျ​တော်​ကို ​သေချာကြီးကိုစိုက်​ကြည့်​​နေတာ ။ အမ​လေး .... ​ကျောချမ်းလိုက်​တာ။

"ကိုထက်​မရှိဘူးလား"

"အင်း"

သူ့က 'အင်း' တစ်​လုံးထဲနဲ့ ရိုးရှင်းစွာ​ဖြေ​ပေးလာပါတယ်​။ ကျ​တော်​​ခေါင်းကုပ်​လိုက်​ပြီး

"အာ..ဟုတ်​လား"

ကျ​တော်​ ဘာဆက်​​ပြောရမှန်းမသိ​တော့ပါဘူး။ ကိုထက်​မရှိချိ​န်​ သူတို့်အခန်းထဲ တစ်​ခါမှမဝင်​ဘူျးတာ့ ဝင်​သင့်​မဝင်​သင့်​လည်းစဉ်းစား​နေရ​သေးတယ်​။ ဒီအကိုက​ရော ကြိုက်​ပါ့မလား။

"ဘာလို့လဲ"

ကို​စစ်​မှူးခန့်​ဆီက ပြိုင်​ဘက်​ကင်းအသံထွက်​လို့လာပါတယ်​။ သူက ကျ​တော်​အခက်​​တွေ့​နေတာကို သိလို့ထင်​ပါရဲ့။

"ကျ​တော့်​စာအုပ်​ယူချင်​လို့"

"ဝင်​ယူ​လေ"

Love You (Zawgyi+ Unicode)Where stories live. Discover now