11

2.5K 230 4
                                    

*********

"​ရော့"

ကျ​တော်​ မုန့်​စားရင်း ​ရေဆာလာ​တာ​ကြောင့်​ ​ရေဗူးကိုကြည့်​မိကာရှိ​သေး ကိုစစ်​မှူးက ကား​မောင်းရင်း ကမ်း​ပေးလာပါတယ်​။ ကျ​တော်​ မြန်​မြန်​ယူလိုက်​ကာ

"ရပါတယ်​ ကားသာဂရုစိုက်​​မောင်း ကျ​တော့်​ဟာကျ​တော်​ယူမယ်​"

"ကိုယ့်​ကို မယုံဘူးလား"

"ယုံတာမယုံတာ ​နောက်​ထား ကျ​တော်​က အ​ချောကြီး ​သေလို့မဖြစ်​​သေးဘူး"

ကျ​တော့ စကား​ကြောင့်​ ရယ်​ပြန်​ပါပြီ။ မသိရင်​ ဒီကလူရွှင်​​တော်​ ကျ​နေတာဘဲ။

"ဟုတ်​ပါပြီ ကျ​တော်​မျိုး ဂရုစိုက်​​မောင်းပါ့မယ်​"

ကျ​တော်​ တစ်​လမ်းလုံးမုန့်​စားပြီးလိုက်​လာတာပါ။ အရမ်းဇိမ်​ကျတာဘဲ။ ​ကျောင်းကို​တောင်​ မ​ရောက်​ချင်​​သေးဘူး။ ဒါ​ပေမယ့်​ ခရီးဆိုတာ အဆုံးရှိတာဘဲမဟုတ်​လား။

"​ကျောင်းထဲထိ ​မောင်းရမှာလား"

"မဟုတ်​ဘူး ​ကျောင်းနားမ​ရောက်​ခင်​ အသိအမဆီမှာ ထားခဲ့မယ်​"

"အင်း ရပ်​ရမယ့်ေ​​နရာ​​ရောက်ရင်​​ပြော"

အသိအမ အိမ်​မှာ ကားရပ်​ခဲ့လိုက်​ပြီး ​ကျောင်းထိ ​လမ်း​လျှောက်​လိုက်​​လေတယ်​။ ​​ကျောင်းဖွင့်​ရက်​ ဖြစ်​တာ​ကြောင့်​ Day ​ကျောင်းသား​တွေ​ရော ​ကျောင်းလာအပ်​တဲ့သူ​တွေ​ရော အ​တော်​စုံ​နေပါတယ်​။ အချို့​ကောင်​မ​လေး​တွေက လည်​ကြည့်​လည်​ကြည့်​နဲ့ဗျ။ ​သေချာပါတယ်​ fujoshi ​တွေဖြစ်​ဖို့များတယ်​။ သူတို့​တွေက ​နေရာတိုင်းမှာ ရှိ​နေတယ်​​လေ။ ဒုက္ခတစ်​ခုက ကိုစစ်​မှူးက ကျ​တော့်​ပုခုံး​ပေါ် လက်​တင်​​လျှောက်​လာတာ​ကြောင့်​ပါ။ ဒါက ​ဘော်​ဒါအချင်းချင်းလည်း ပုံမှန်​လုပ်​​နေကြ​ပေမယ့်​ ကျ​တော့်​အတွက်​တစ်​မျိုးကြီး ခံစား​နေရတာဗျ။ပြောလို့လည်း မ​ကောင်းတာ​ကြောင့်​ မ​ပြော​တော့ဘဲငြိမ်​​နေလိုက်​တယ်​။

ကျောင်းအပ်​တဲ့ဋ္ဌာန ​ရောက်​​တော့ ကျ​တော်​​သေချင်​​စော်​ အ​တော်​နံသွားပါတယ်​။ လူ​တွေကလည်း ကြိတ်​ကြိတ်​ကိုတိုး​နေတာဘဲ။ အဲ့လူအုပ်​ကြီးထဲ တိုးဖို့သိပ်​အဆင်​မ​ပြေပါဘူး။ ​ချွေးတလုံးလုံးနဲ့ ဒုက္ခခံရမှာ။

Love You (Zawgyi+ Unicode)Where stories live. Discover now