16

2.3K 217 6
                                    

...............

သင်တန်းရောက်တော့ စပ်ဖြဲဖြဲရုပ်နဲ့ ကြည့်လာသော ဝတီကြောင့် မလုံမလဲဖြစ်လို့နေတယ်။ ကိုယ်ထိုင်ရာနေရာသို့ အမြန်ပြေးသွားတော့ ဝတီက အနားတန်း၍ရောက်လာသည်။ စာအုပ်ကိုထုတ်ရင်း အနားရောက်လာသော ဝတီကြောင့်

"ကိုယ့်နေရာကိုယ်နေလေ"

"ဟီး ဟီး"

ကျတော့်မျက်နှာကြီးကိုကြည့်ပြီး တဟီးဟီးအရယ်ခံနေရတော့ ဒါအတော့်ကိုအဆင်မပြေပါဘူး။ အဲ့ဒါကြောင့် လက်ထဲကစာအုပ်နဲ့ ဝတီရဲ့လက်မောင်းကို ဗြင်းလိုက်ပါတယ်။

"မိန်းကလေးဖြစ်ပြီး တည်တည်တံ့တံ့နေစမ်း"

"ဟား ဟား ဟား"

ကျတော့်စကားကြောင့် ဝတီကအသံဗြဲကြီးနဲ့ထအော်ရယ်ပါတယ်။ အတန်းသားတွေ ဝိုင်းကြည့်ခြင်းခံရတာတောင် ဒင်းကမဖြုံပါဘူး။ ဒီလိုတွေကြောင့်လည်း ရုပ်ခံလေးရှိပါရဲ့နဲ့ FA ဖြစ်နေတာ မထူးဆန်းပါဘူး။

"နင့်နေရာနင်သွားတော့ ငါ့နားလာမရှုပ်နဲ့"

ကျတော် လက်ကိုခါထုတ်ရင်းနှင်လွှတ်ပေမယ့် သူကအရှက်မရှိ ဆက်ထိုင်နေတုန်းပါ။ ပြီးတော့မှ ချောင်းတစ်ချက်ဟန့်လိုက်ရင်း ပြောလာပါတယ်။

"လုပ်စမ်းပါ အတွေ့အကြုံလေးမျှဝေစမ်းပါ July အတွက် ကုန်ကြမ်းပေးချင်လို့"

"ချီး....ကုန်ကြမ်းပါလား"

ကျတော်ဆဲလိုက်သည့်တိုင်အောင် ဝတီမတို့ကမဖြုံပါဘူး။ သူ့အကြည့်တွေက ပေါက်နေတဲ့ ကျတော့်နှုတ်ခမ်းဆီသာ ဝဲလည်ခတ်နေပြီး ပြီတီတီရုပ်လုပ်တုန်းပါ။

"အယ်...ကုန်ကြမ်းလေးတောင်အဖြစ်မခံနိုင်ဘူးပေါ့ အမှတ်တရတွေကအဖိုးတန်လွန်းလို့ ဟုတ်လား ငါ့အကိုတို့များလက်သွက်ချက်ဘဲ"

ဝတီစကားကြောင့် မနေ့ကမြင်ကွင်းက အတွေးထဲကိုကွင်းကွင်းကွက်ကွက်ကိုပေါ်လာပါတယ်။
တွေးမိတော့လည်း ရှက်တာလိုလိုကြည်နူးတာလိုလိုနဲ့ ရင်ထဲရှိန်းတိမ်းတိမ်းဖြစ်လို့နေပါတယ်။ အဲ့ဒါကြောင့် ရှေ့က ဝတီရှိတာကိုမေ့ပြီး ပြုံးမိသွားပါတယ်။

Love You (Zawgyi+ Unicode)Where stories live. Discover now