6

2.7K 283 3
                                    

*********

ကျ​တော်​ ကိုထက်​ဆီမ​ရောက်​ဖြစ်​တာ နှစ်​ရက်​​တောင်​ရှိသွားပြီ။ ဒီ​နေ့သွားရင်​​ကောင်းမလားလို့ စဉ်းစားမ​ပေမယ့်​ မသွား​တော့ပါဘူး။ သွားရင်​ကိုစစ်​မှူး​နဲ့ တွေ့​နေမှာစိုးလို့ပါ။
ပိတ်ရက်ဖြစ်တာေ​​​ကြာင့် ​အိပ်​ယာ​ပေါ်မှာ အပီအပြင်​ line သုံး​နေတုန်း ဖုန်းဝင်​လာပါတယ်​။ contact ကိုကြည့်​မိ​တော့

😠 Army Ma 😠 တဲ့။

"​ပြော"

"ဒီ​နေ့ ငါ့အိမ်​ကဆွမ်းကပ်​ရှိတယ်​ လာမြိုလှည့်​"

"ငါက ​ခြေကျင်​​ပြေးလာရမှာလား"

"သိတယ်​နင်​မွဲမှန်း ငါ့အကိုနဲ့လိုက်​ခဲ့ဖို့လှမ်း​ပြောတာ"

"နင့်​အကို"

ကျ​တော်​ စိတ်​ကူးထဲ ခပ်​တည်​တည်​နဲ့ အ​သေ​ချေတဲ့မျက်​နှာကြီး ​ပေါ်လာပါတယ်​။

"ခုမှ ရူးချင်​​ယောင်​​ဆောင်​မ​နေနဲ့ သူနဲ့လိုက်​ခဲ့ မလိုက်​ခဲ့ရင်​ ​သေဖို့သာပြင်​"

"အာ...နင့်​အကိုနဲ့မှမခင်​တာ"

"ငါဖုန်းဆက်​ထားတယ်​"

"အားနာစရာကြီး"

"​အနာဂတ်​ခင်​ပွန်းလို့သာ သတ်​မှတ်​ထားလိုက်​ အားနာစရာမလိုဘူးရယ်​"

"ချီးဘဲ"

"​စောင်​ရမ်းရိုင်းတယ်​​နော်​ ယူက"

စကားနည်းနည်း​ပြောပြီး ဖုန်းချသွား​တော့ ကျ​တော်​အကြံအိုက်​​နေပါတယ်​။ အဲ့အကိုနဲ့ တူတူသွားရမှာဆို​တော့...
'နေပါဦး သူက​ခေါ်ချင်​ပါ့မလား'

'မသိဘူး ပိုပိုလိုလို​ရေချိုးလိုက်​ဦးမယ်​'

ကျ​တော်​​ရေချိုးပြီး​တော့ အပြတ်​အသတ်​ပဲများပါ​တော့တယ်​။ ​နောက်​ပြီး လက်​​ဆောင်​ရထားတဲ့ မသုံးရက်​မစွဲရက်​ ​ရေ​မွှေး​လေးကိုစွတ်​လိုက်​ပါတယ်​။ ကိုယ့်​ကိုကိုယ်​သလို့အပြီးမှာ​တော့ အ​ပေါ်ထပ်​ကိုတက်​ခဲ့လိုက်​ပါတယ်​။

"​ရောက်​လာပြီလား ဒါဆိုသွားမယ်​"

ကျ​တော်​​ရောက်​​ရောက်​ချင်း သူက​ခေါ်လို့သူ့​နောက်​က ကပ်​လိုက်​သွားပါတယ်​။ '​တော်​ပါ​သေးရဲ့' လို့သက်​ပြင်းချမိတယ်​။

Love You (Zawgyi+ Unicode)Where stories live. Discover now