*********
ပြန်တော့လည်း ကျတော်တို့နှစ်ယောက်တူတူပါဘဲ။ အသွားနဲ့အပြန်ကွာခြားသွားတာဆိုလို့ ကိုစစ်မှူးနဲ့ကျတော် ပိုပြီးရင်းနှီးလာကြတာပါ။ ကျတော်အခန်းကို တန်းမပြန်ဘဲ ကိုစစ်မှူးအခန်းကို ဆက်ပြီးပါသွားပါသေးတယ်။
ကျတော်တို့အတူတူပြန်လာတဲ့ မြင်ကွင်းကိုတွေ့တော့ ကိုထက်က မျက်လုံးကြီးပြူးကာ
"တူတူပြန်လာတာတော့ မဟုတ်ဘူးမလား"
လို့ တိုးတိုးလေး လာမေးပါတယ်။"ဟုတ်တယ်"
"ဟုတ်တယ်?"
ကိုထက်က ကျွန်တော့်စကားကို သံယောင်လိုက်ပြောပါတယ်။ သူအတော်အံ့ဩနေတယ်ထင်ရဲ့။ ပါးစပ်ကြီးထဲလည်း ယင်ကောင်တွေဝင်တော့မယ်။
"လာလေ"
ကိုစစ်မှူးက လှမ်းခေါ်မှ ကျတော်သူ့ဆီအပြေးလေးသွားလိုက်တယ်။ သူက သူ့ကွန်ပျူတာကိုဖွင့်နေပြီ။ ဒါကတော့ အခြားအကြောင်းမဟုတ်ပါဘူး။ လမ်းမှာစကားပြောကြရင်း ဂျပန်ကျောင်းခေါ်ယူတဲ့ကိစ္စနဲ့ စကားပြန်ခေါ်ယူခြင်း စတာစတာတွေပြောဖြစ်ကြတယ်။ အဲ့ဒါနဲ့ပတ်သတ်တဲ့ ဝက်စ်ဆိုက်တစ်ခုပြမယ်လို့ သူပြောထားတာကို ကျတော်လာကြည့်တာပါ။
ကွန်ပျူတာ ဖန်သားပြင်မှာအရင်တွေ့ရတာတော့ ကိုစစ်မှူးရဲ့ပုံပါဘဲ။ ပင်လယ်ပြင်ကြီးနဲ့ သူကအဖြူဝမ်းဆက်ကြီးနဲ့နောက်ကျောပေးပြီး ရိုက်ထားတဲ့ပုံပါ။
'ဒီအကိုက ကျောပေးရတာအတော်ကြိုက်ပုံရတယ် သူ့တင်ကဖြင့်ကိတ်လည်းမကိတ်ဘဲနဲ့'တွေးရင်း ကျတော့်အကြည့်က ကိုစစ်မှူးတင်ပါးဆီရောက်သွားပါတယ်။ အနေတော်ပါဘဲ။ ပြီးတော့် ကျတော့်တင်ကိုကျတော် ငဲ့ကြည့်မိပါတယ်။ ကျတော်က လူကသာပိန်တာဗျ တင်ကတော့လုံးလုံးလေး။
"ဘာတွေကြည့်နေတာလဲ"
ကိုစစ်မှူးဆီက အသံကြားတော့မှ ခေါင်းရမ်းပြလိုက်ကာ သူပြတဲ့ဆီကြည့်လိုက်တယ်။ ပြောရမယ်ဆို ဒီနေ့အတွက်အကြိုးရှိပါတယ်။ အကိုစစ်မှူးနဲ့ ကျောင်းကိစ္စလည်းတော်တော့ကြာအောင် ဆွေးနွေးဖြစ်ကြသေးတယ်လေ။ ကျတော့်အကိုကတော့ လူပိုကြီးဖြစ်လို့။
YOU ARE READING
Love You (Zawgyi+ Unicode)
FantasyStraight လို့ထင်ခဲ့ပေမယ့် ကွေးနေတဲ့ Seme ကြီးနဲ့ K-popper Uke လေးတို့ရဲ့ ဇာတ်လမ်းကလေး . . ### ဒါကပေါ့ပေါ့ပါးပါးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်နော်