19

2.5K 212 10
                                    

........................

ကျတော်တို့အခြေအနေလေးက သာယာနေပါတယ်။ သင်တန်းလေးပြေးတက်လိုက် လာကြိုပြီးရုပ်ရှင်လေးကြည့်လိုက် လည်ပတ်လိုက်နဲ့ပေါ့ဗျာ။ ကျတော်တို့နှစ်ယောက်ရဲ့အခြေအနေက ဖုံးကွယ်ထားတာမဟုတ်တာကြောင့် ကိုထက်ကလည်းသိနေပေမယ့် ဘာမှတော့မပြောပါဘူး။ သူကရှောင်တောင်ပေးသေးတာ။

"အကို မက်ဆေ့တွေလာနေတယ်"

ကိုစစ်မှုးဖုန်းက တတောင်တောင်မြည်နေသံကြောင့် ကျတော်သတိပေးလိုက်တော့ သူကဖုန်းကိုတစ်ချက်ကြည့်ကာ အပြင်ထွက်သွားတယ်။ အစကတော့ အထဲမှာဘဲကျတော်ကျန်နေခဲ့ပြီး အိမ်စာတွေသာလုပ်နေတာပါ။ အပြင်ထွက်သွားတာအချိန်ကြာလာလို့ ဝရံတာကိုလှမ်းကြည့်လိုက်တော့ ကိုစစ်မှူးက ကြည်နူးလွန်နေသော အပြုံးမျက်နှာကြီးနဲ့ဖုန်းပြောနေတယ်။ ဘယ်လိုဘဲ ယောကျာ်းလေးဖြစ်နေပါစေ ကျတော်လည်းသဝန်တိုတက်ပါတယ်။

ကျတော်အပြင်ထွက်လာတာမြင်တော့ ကိုစစ်မှူးကဖုန်းအမြန်ချပြစ်လိုက်ပါတယ်။ ကျတော်မသက်ာဖြစ်နေပေမယ့် သူစိတ်ပျက်သွားမှာဆိုးလို့မမေးဖြစ်ခဲ့ပါဘူး။

အင်း.... ကျတော်တို့မှာအမြဲတမ်းပျော်ရွှင်မှုဆိုတာရှိမနေပါဘူး။ ကျတော်ရဲ့ပျော်ရွှင်မှုသာယာမှုတွေ ပျက်သုန်းတယ်လို့ထင်ရတဲ့နေ့တစ်နေ့ရောက်လို့လာပါတယ်။ အဲ့ဒါကတော့ ကိုစစ်မှူးရေချိုးခန်းဝင်နေတုန်း သူ့ဖုန်းက မြည်လာခဲ့ပါတယ်။ ကျတော်ကြည့်လိုက်တော့ Yuki ဆိုပြီးရေးထားတဲ့ name ကိုတွေ့လိုက်ရပါတယ်။ ကျတော့်မျက်ခုံးတွေစုကျုံ့သွားပြီး ဖုန်းကိုင်ရမလား မကိုင်ဘဲထားရမလားစဉ်းစားနေမိပါတယ်။ အဲ့အချိန်ဖုန်းကပြန်ကျသွားပါတယ်။ နောက်တစ်ခါထပ်မြည်လာချိန် တံခါးဖွင့်သံကြားတာကြောင့် ဖုန်းနားကအမြန်ခွာကာ မသိသလိုလုပ်နေလိုက်ပါတယ်။

"ဖုန်းမြည်နေတယ်"

"omm"

ကိုစစ်မှူးကဖုန်းကိုတစ်ချက်ကြည့်ပြီး မကိုင်သေးဘဲ အပြင်ထွက်သွားပြန်ပါတယ်။ ဒါကလျှို့ဝှက်ချက်တစ်ခုလား။ သူကပြန်တွဲမလို့များလားဆိုတဲ့ အတွေးတွေကျတော့်ခေါင်းထဲအလုံးလိုက်အရင်းလိုက်ဝင်လို့လာပါတယ်။ ကျတော်မသိမသာလေး အပြင်လှမ်းကြည့်ချိန်မှာ ကိုစစ်မှူးမျက်နှာက ရှက်နေသလိုရှိပြီး ပြုံးရယ်နေတာကိုတွေ့ပြန်ပါတယ်။

Love You (Zawgyi+ Unicode)Where stories live. Discover now