..................
"ကိုကြီး ပြန်ရောက်နေပြီလား"
အခန်းထဲ ဝင်လိုက်တော့ ကုတင်ပေါ်တွင် ကွန်ပျူတာသုံးနေသည့် ကိုကာယံသစ်ကို မြင်လိုက်ရတာကြောင့် မေးလိုက်ခြင်းဖြစ်လေတယ်။ ကျတော် ဝင်လာတာမြင်တော့ ကိုကာယံက လှမ်း၍ပြုံးပြလိုက်ကာ
"အင်း အလုပ်ကနေ့တစ်ဝက်နားလို့ ဘယ်တွေ သွားလည်နေလို့လဲ နောက်ကျတယ်နော်"
ကိုကာယံရဲ့ အမေးကြောင့် ဘာဖြေရမှန်းမသိဖြစ်၍ သွားလေတယ်။ ကျတော့်လည်ပင်း ကျတော်ပွတ်လိုက်ရင်း စပ်ဖြဲဖြဲနဲ့သာ မည်သို့ဖြေရမည်ကို စဉ်းစားခန်းဖွင့်နေလိုက်မိသည်။
"ကောင်မလေးရနေတာတော့ မဟုတ်ပါဘူးနော်"
"အာ....မဟုတ်ပါဘူး"
ကျတော် ခေါင်းကိုအတွင်တွင်ခါရမ်းနေမိသည်။ သို့သော်လည်း အနောက်မှ လူတစ်ယောက်ဝင်လာကာ ပုခုံးကိုသိုင်းဖက်ခြင်းခံလိုက်ရလေတယ်။ ထိုလူက ပြောစရာမလိုအောင် ကိုစစ်မှူးခန့်သာလျှင်ဖြစ်သည်။
"Date လုပ်ပြန်လာတာကို အမှန်တိုင်းပြောလေ"
ထိုအသံ ဩရှရှက လူကိုကြက်သည်းများ ထသွားစေတဲ့ထိ စွဲဆောင်လွန်းသည်။ ကျတော့် ခန္ဓာကိုယ်ကို ဘေးသို့အနည်းငယ် ရွေ့လိုက်ပေသည့် ကိုစစ်မှူးက ဇွတ်ပင်ပြန်ဆွဲကပ်နေသည်။ ကိုကာယံသစ်က သူ့ရှေ့ရှိ ဖြစ်ပျက်နေသော အတွဲအား မျက်လုံးအဝိုင်းသားနှင့်သာ ကြည့်နေပြီး တအံ့တဩဖြစ်နေဟန်ရှိသည်။
"ကိုစစ်မှူး ပြောတော့ရေချိုးမလို့ဆို ဘာလို့ကျတော့် အခန်းရောက်လာတာလဲ"
"ကလေးကို လွမ်းလာလို့"
".........."
ကျတော့်ရှေ့က အရှက်မရှိထိုစကားကို သူစိမ်းတွေရှေ့ပါမကျန်ပြောရဲသော ကိုစစ်မှူးအား ပြူးကြည့်ရင်း တစ်ဖက်က အံ့အားသင့်နေသော ကိုကာယံအားလည်း တလှည့်ကြည့်မိပြန်သည်။ ရှက်ရှက်နှင့် ကိုစစ်မှူးကိုသာ တံခါးအပြင်သို့ ဆွဲခေါ်သွားရလေတော့တယ်။
"အကို အရှက်လေးလည်း နည်းနည်းရှိပါဦး"
"ဘာလို့လဲ ကိုလွမ်းလို့လွမ်းတယ်ပြောတာလေ မပြောစေချင်ရင် ထက်မြတ်နိုင်နဲ့ အခန်းလဲလိုက်"
YOU ARE READING
Love You (Zawgyi+ Unicode)
FantasyStraight လို့ထင်ခဲ့ပေမယ့် ကွေးနေတဲ့ Seme ကြီးနဲ့ K-popper Uke လေးတို့ရဲ့ ဇာတ်လမ်းကလေး . . ### ဒါကပေါ့ပေါ့ပါးပါးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်နော်