*********
ကျတော် တကယ်မယုံနိုင်သေးပါဘူး။ ဒါကြီးက အိပ်မက်ဘဲဖြစ်လိမ့်မယ်ထင်ပါတယ်။ ကိုစစ်မှူးက straight တစ်ယောက်မဟုတ်လား။ ခုဖြစ်ပျက်နေတာတွေက ဟာသတစ်ခုဘဲဖြစ်မှာပါ။
ကျတော်တို့ အဆောင်ပြန်ရောက်လာတဲ့ထိ အတွေးထဲကနေ မထွက်နိုင်သေးပါဘူး။ ကျတော်အခန်းကို တန်းပြန်ဖို့ရည်ရွယ်မိပေမယ့် ကိုစစ်မှူးခေါ်ရာ သူ့အခန်းဆီ ပါသွားပြန်ပါတယ်။ အချိန်ကစောသေးတာကြောင့် ကျတော့်အကိုကလည်း ပြန်မရောက်သေးပါဘူး။
ကိုစစ်မှူးက ကျတော့်ကို အရိပ်တကြည့်ကြည့် လုပ်နေပါတယ်။ အရင်ကလည်း ဒီလိုပြုမူနေကြ ဆိုပေမယ့် မရိုးမသား လို့ မထင်မိတာကြောင့် အဆင်ပြေပါတယ်။ အခုကလုံးဝအဆင်မပြေပါဘူး။ ကျတော် ချက်ချင်းကို ဝတီ့နဲ့တွေ့ချင်ပါတယ်။ ပြီးတော့ ကျတော်ကို ဆွဲဆိတ်ခိုင်းချင်ပါတယ်။ ကျတော် အိပ်မက်ထဲက နိုးထချင်ပါတယ်။
အခန်းထဲမှာ မထိုင်မိသေးဘဲ မတ်တပ်ရပ်ပြီး တွေးနေမိပြန်ပါတယ်။ ကျတော့်နောက်ကျောဆီက နွေးထွေးမှူကို ခံစားလိုက်ရပြီး ကျတော့်တစ်ကိုယ်လုံး တင်းကျပ်စွာ ဖက်ခြင်းခံလိုက်ရပြန်ပါတယ်။
"မထိုင်ဘဲ စဉ်းစားခန်းဝင်နေတာ ပြီးဦးမှာလား"
ကျတော့်ခေါင်းထပ်က သြရှရှအသံထွက်ပေါ်လာပါတယ်။ သေချာပေါက် ကျတော့်ခေါင်းပေါ် သူ့မေးစေ့နဲ့ ဖေးတင်ထားတာပါ။ ကျတော့်ကို ပွေ့ပိုက်ထားတဲ့ လက်တွေကိုဆွဲဖြုတ်ချဖို့ ကြိုးစားရင်း
"ကိုစစ်မှူး ဘယ်လိုဖြစ်နေတာလဲဗျာ ဒီမှာဦးနှောက်စားနေတာနော်"
"ဘာတွေများ စားစရာဖြစ်နေတာလဲ ဟင်"
သူ ကျတော့်နားရွက်ကို ထိကပ်လိုက်တဲ့အခါ ကျတော်လေပေါ် မြှောက်တက်သွားသလိုပါဘဲ။ ကျတော် ယားကျိကျိဖြစ်နေတဲ့ ခံစားမှုကိုမခံစားနိုင်ပါဘူး။ ဒါကအရမ်းကို ရှက်ဖို့ကောင်းတယ်လို့ မြင်မိပါတယ်။
YOU ARE READING
Love You (Zawgyi+ Unicode)
FantasyStraight လို့ထင်ခဲ့ပေမယ့် ကွေးနေတဲ့ Seme ကြီးနဲ့ K-popper Uke လေးတို့ရဲ့ ဇာတ်လမ်းကလေး . . ### ဒါကပေါ့ပေါ့ပါးပါးရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါဘဲ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်နော်