2

3.7K 289 5
                                    

*********

'အား..... ​သေပါပြီ! ငါဘာလို့ဒီချိန်​ထိ အိပ်​မိသွားတာလဲ'

မ​နေ့ညက ဝတီ​ပေးတဲ့ Fic ကိုအပြီးထိဖတ်​လိုက်​တာ 3 နာရီမှအိပ်​ဖြစ်​သွားတယ်​​လေ။
လက်​ကနာရီကိုကြည့်​မိ​တော့ ၉နာရီတိတိရှိ​နေပါပြီ။ အတန်းချိန်​က ၁၀ နာရီမှာရှိ​ပေမဲ့လို့ ​ရေချိုးရမှာဘာညာနဲ့ အချိန်​အ​တော်​ယူရမယ်​​လေဗျာ။ ကျ​တော်​အလျှင်​အမြန်​​ပြေးပြီး ​ရေချိုးရပါတယ်​။ ​နောက်​ပြီး ဘာဝတ်​ရင်​​ကောင်းမလဲစဉ်းစား​နေတာ ၁၀ မိနစ်​​လောက်​ဗျ။ ကျ​တော်​ကနည်းနည်း​တော့ show များတယ်​။ အားလုံးပြင်​ဆင်​ပြီးချိန်​မှာ ၉နာရီခွဲလို့ ၁၀ မိနစ်​။ လွယ်​အိတ်​ကိုဆွဲပြီး အလျှင်​အမြန်​​ပြေးရပါတယ်​။ ​လှေကားကအဆင်းထွက်​​ပေါက်​မှာ အကိုကြီးတစ်​​ယောက်​ရုတ်​တစ်​ရက်​ဝင်​လာပါတယ်​။ တိုက်​မိမလိုဖြစ်​​ပေမယ့်​ တိုက်​​တော့မတိုက်​မိဘူးဗျ။ အဲ့အကိုကြီးက သတိ​ကောင်း​လို့ ကျ​တော့်​လို့ ဂမ်းတမ်းတမ်းဆို တိုက်​မိတာကြာ​ပေါ့။

ကျ​တော်​ကသာ အဲ့အကိုကြီးကိုကြည့်​မိလိုက်​​ပေမယ့်​ အဲ့အကိုက​တော့ တစ်​ချက်​​လေး​တောင်​ ​မော်​မကြည့်​ဘူးဗျ။ ​ချေတာ...​ချေတာ။ အမ​လေး အနံ့အသက်​ကလည်း သင်းသင်း​လေး​မွှေးတယ်​ဗျ။ အဲ့အကိုကို မြင်​​တော့မြင်​ဖူး​ပေမယ့်​ တစ်​ခါနှစ်​ပါဘဲ။ ဒီလို​တော့ နီးနီးကပ်​ကပ်​မဖြစ်​ဖူး​တော့ သူ့အနံ့ကစွဲမက်​စရာ​ကောင်းမှန်း​တော့ မသိပါဘူး။ အာ....ဒါ Fic ​တွေထဲပါပါ​နေတဲ့ Alpha အနံ့နဲ့တူ​လောက်​မယ်​ဗျ။ အဟီး..ကျ​တော်​လည်းဘာ​တွေ စဉ်းစားမိ​နေတာမှန်း​မသိဘူး။

ကျ​တော်​တို့အ​ဆောင်​နဲ့ သင်​တန်းက သုံးပြ​လောက်​​ဝေးပါတယ်​။ ဒါများ အဲ့​လောက်​အလျှင်​လိုစရာမလိုဘူးလို့ ထင်​​နေ​လေသလား။ မှားမယ်​ဗျ ကျ​တော့်​မှာ ဆိုင်​ကယ်​စုတ်​​လေး တစ်​စင်း​တောင်​မပိုင်​ဆိုင်​ပါဘူး။ တရားခံ က​တော့ ကျ​တော့်​အ​မေပါ။ ဆိုင်ကယ်ရှိေ​​နရင် ​ကျ​တော်​လမ်းသလားမှာဆိုးလို့ ဒီ​လောက်​အကွာအ​ဝေးကို လမ်း​လျှောက်​တဲ့​ဗျာ။

Love You (Zawgyi+ Unicode)Where stories live. Discover now