15

2.2K 215 3
                                    

*********

"လက်ရာ ဘာတွေစဉ်းစားနေတာလဲ"

ကိုကာယံသစ် ပြန်လာသည်ကိုပင် သတိမထားမိစွာ တွေးတောနေသော ကျွန်တော် အသံကြားမှပင် သတိထားမိကာ

"ဘာရယ်မဟုတ်ပါဘူး စာစဉ်းစားနေတာ"

ကိုကာယံသစ်က ပြုံးလျှက်ခေါင်းညိမ့်ရင်း ကျွန်တော့်နားသို့ရောက်လာတယ်။အဲ့အချိန် ကျွန်တော်သတိရသွားတာက ကျွန်တော့်နှုတ်ခမ်းရှိ အကိုက်ခံထားရသော ဒါဏ်ရာကိုဖြစ်လေတယ်။ ကိုကာယံက မြင်လျှင်မေးတော့မည်ဖြစ်တာကြောင့် ဦးစွာပင်

"ကျွန်တော် နှုတ်ခမ်းတံခါးနဲ့ စောင့်မိတာ ပေါက်သွားတယ်"

ဟု နှုတ်ခမ်းကိုပွတ်လျှက်ဆိုမိ၏။ ထိုအခါ ကိုကာယံက အလျှင်အမြန်တိုးလာကာ နှုတ်ခမ်းကို လာကိုင်ကြည့်ပြီး

"တံခါးနဲ့ စောင့်မိအောင် ဘယ်လိုများလုပ်ရတာလဲကွာ ဆေးထည့်ပြီးပြီလား"

ကိုကာယံ၏ အမေးအား ကျွန်တော်ခေါင်းရမ်းပြမိ၏။ ထိုအခါ ကိုကာယံက ဆေးပုလင်းများကြား လိမ်းဆေးသွားရှာဖွေလေတယ်။ ကျွန်တော်က ညာမိပေသည့် ကိုကာယံက ဂရုတစိုက်ရှိနေတာကြောင့် စိတ်ကမသန့်ပေ။ ထို့ကြောင့် အားနာလှစွာ

"ရတယ် ကိုကြီး ရှာမနေပါနဲ့ ဆေးထည့်ရလောက်တဲ့ထိ မဟုတ်ဘူး"

"ဘာလို့ရရမှာလဲ တော်ကြာယောင်လာရင် အတန်းတက်ရတာ အဆင်မပြေဖြစ်လိမ့်မယ်"

ပြောရင်းဆိုရင်းပင် လိမ်းဆေးဗူးလေး တွေ့သွားတာကြောင့် ကျွန်တော့်ထံပြန်ရောက်လာ၏။ ကိုကာယံက သူကိုယ်တိုင်လိမ်းပေးရန်လုပ်နေသည်ကို မြင်တော့

"ကျွန်တော်ဘာသာ လိမ်းလိုက်မယ်"

"ခင်များလေးက မြင်ရလို့လား လာစမ်းပါ အကိုလိမ်းပေးမယ်"

ကိုကာယံနဲ့ အရင်ကတည်းက ထိုသို့လုပ်ပေးနေကြဖြစ်တာမို့ ထွေထွေထူးထူး မစဉ်းစားတော့ဘဲ လက်ခံလိုက်ပါတယ်။ ကိုကာယံက ကျွန်တော့်နှုတ်ခမ်းမှ ဒါဏ်ရာကို ဂရုတစိုက်ရှိလှစွာ လိမ်းပေးနေလေတယ်။ အဲ့အချိန် မထင်မှတ်ထားသော အသံတစ်သံက ဝင်ရောက်လာ၏။

Love You (Zawgyi+ Unicode)Where stories live. Discover now